မြိုင် ၂၇ အောက်တိုဘာ
မြိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် အသုံးပြုရန် မဲပုံးများနှင့် မဲရုံသုံးပစ္စည်းများအား အောက်တိုဘာ ၂၇ ရက်နေ့ နံနက် ၁၀ နာရီမှ စတင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုကော်မရှင်အဖွဲရုံးများ အရောက်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ပိုဆောင်ရာတွင် မြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တာဝန်ရှိသူများက အဖွဲ့များခွဲ၍ မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၈၁) အုပ်စုတွင်မဲရုံပေါင်း ၂၄၉ ရုံရှိရာ အောက်တိုဘာ ၂၇ ရက်နေ့ ညနေပိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများသို့ အရောက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် ပြန်/ဆက်