မိုင်းယောင်း၌ စိုက်ခင်းများတွင် သတိပြုရမည့်အချက်များ ပညာပေး

မိုင်းယောင်း ၁၀ ဇူလိုင်

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးထားသည့် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများသည် ဇူလိုင် ၁၀ ရက်က မြေ၊ မျိုး၊ ပိုးမွှားအန္တရာယ်စသည့် အကြောင်းအရာများကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးခဲ့သည်။

 

mdn

           

ထိုသို့ ဆောင်ရွက်ရာတွင် မိုးစပါးနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် မြေ၏ သဘာဝအနေအထား၊ ပြောင်းလဲတတ်မှု၊ ၎င်းမြေတွင် စိုက်ပျိုးသင့်သည့် မျိုးစပါးအကြောင်းနှင့် ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်းကို အသိပညာ ပေးခဲ့ကြသည်။

 

တောင်သူများ၏ စိုက်ခင်းများ၌ ပိုးမွှားရောဂါ ကျရောက်သည်ဟု ယူဆလာပါက တောင်သူများအနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနသို့ ချက်ချင်းအလျင်အမြန် ဆက်သွယ်အသိပေးရန်ကိုလည်း ဆွေးနွေး ခဲ့သည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)