မံစီ၊ ချမ်းမြသာစီ၊ တောင်ဥက္ကလာပမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ  

နေပြည်တော် ၁၂ ဒီဇင်ဘာ 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၁ ရက် ညနေ ၄ နာရီက  မံစီမြို့နယ်၊ သံတံတား-မန်သာ ကျေးရွာသွား ကားလမ်းတွင် ကျော်မိုး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀ဝ နှင့် မြန်မာငွေကျပ် ၄၅,ဝ၀ဝ တို့အား သိမ်းဆည်းရမိခဲ့သည်။

အလားတူ ယင်းနေ့ မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်(တောင်) ရပ်ကွက်၊ အကွက်အမှတ်(၄၄၈)၊ နဝရတ်တိုက်တန်း၊ အဆောင်အမှတ်(၈)၊ အခန်းအမှတ်(၃၀)နေ မခင်သန္တာဆွေ(ခ)ဂူးဂူး၏ နေအိမ်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅,၁၂၀၊ အိုက်စ် သုည ဒသမ ဝ၀ဝ၀၂ ကီလို၊ မြန်မာငွေကျပ် ၁၃၀,ဝ၀ဝ နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို လည်းကောင်း။

ထို့အတူ ထိုနေ့မွန်းလွဲ ၂ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ အနော်မာ(၂)လမ်း၊ အိမ်အမှတ်(၅၀)၊ မြေညီထပ်၊ အခန်းအမှတ်(ဘီ)နေ ဖြိုးကိုကို၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၁၀ နှင့် အိုက်စ် သုည ဒသမ ဝ၀၁ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား