မန်စီးတီးကွင်းလယ်လူ ဒေးဗစ်ဆေးလ်ဗား လီဗာပူးအသင်းနှင့်ပွဲစဉ်တွင် လွဲချော်မည်

၅  နိုဝင်ဘာ

မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဒေးဗစ်ဆေးလ်ဗားဟာ လာမယ့်တစ်ပတ်မှာ မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ယှဉ်ပြိုင်ကစားမယ့် ပရီမီယာလိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိနေတာကြောင့် လွဲချော်မှာဖြစ်ပါတယ်။

မန်စီးတီးအသင်းခေါင်းဆောင် ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးအသင်းက ဆောက်သမ်တန်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ရဲ့ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ အသက် ၃၃ နှစ်အရွယ် ဒေးဗစ်ဆေးလ်ဗား မပါဝင်လာပါက ကွင်းလယ်ပိုင်းမှာ အားထားရတဲ့ကစားသမားတစ်ဦးကို ဆုံးရှုံး ရတာဖြစ်လို့ မန်စီးတီးအသင်းနဲ့ နည်းပြဂွါဒီယိုလာအတွက် အခက်အခဲ ဖြစ်သွားနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

ဒေးဗစ်ဆေးလ်ဗားဟာ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ လွဲချော်မှာဖြစ်တဲ့အပြင် အတ္တလန္တာအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း မန်စီးတီးအသင်းနဲ့အတူ ပါဝင်လာမှာမဟုတ်ဘူးလို့ သိရပါတယ်။

ကြွက်သားဒဏ်ရာရရှိနေတာကြောင့် ဒေးဗစ်ဆေးလ်ဗားဟာ အနည်းဆုံး ၁၀ ရက်ကနေ ၁၂ ရက်အထိ အနားယူရလိမ့်မယ်လို့လည်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

ငွေကြယ်