မြင်းခြံမြို့ရှိ သီလရှင် ၂၀၃ ပါးအား ဆန်၊ ဆီ၊ ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း

မြင်းခြံ ၊ ၁၇  ဇန်နဝါရီ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ သီလရှင်ကျောင်းများတွင် သီတင်းသုံးနေသော သီလရှင် ၂၀၃ ပါးတို့အား ဆန်၊ ဆီ၊ ဝတ္ထုများကို ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ပိုင်းမှစတင်ကာ ဦးကျော်သောင်း နှင့် ဒေါက်တာကေသီခိုင် (KK မြေမဲဆီသန့် မိသားစု)တို့မှ လိုက်လံဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း မြင်းခြံမြို့ရှိ သီလရှင်ကျောင်းများတွင် သီလရှင်ဆရာလေးများ ဆွမ်းဆန်စိမ်းခံ မကြွတော့သည့်အတွက် စွန်းလွန်းဂူကျောင်း ၄၃ ပါး၊ ပတ္တပိုဏ် ကျောင်း ၁၈ ပါး၊ ရွှေကျင်ကျောင်း ၂၆ ပါး၊ ဇော်တိကာရုံကျောင်း ၇ ပါး၊ ကဉ္စနဝတီကျောင်း ၄၁ ပါး၊ သတိပဌာန်ရိပ်သာ ၁၄ ပါး၊ မဂ္ဂင်ရိပ်သာ ရှစ် ပါး၊ ရွှေဂူကြီးကျောင်း ၁၃ ပါး၊ ကြောင်ပန်းကျောင်း တစ်ပါး၊ မဟာစည်ရိပ်သာ ၁၈ ပါး၊ မြဝတီစာသင်တိုက် ခုနစ်ပါး၊ ရှားတောရွာကျောင်း ခုနစ်ပါး စုစုပေါင်း သီလရှင် ၂၀၃ ပါးကို ကျောင်းများအရောက် ဆန်၊ ဆီ၊ ဝတ္ထုငွေများ လိုက်လံဆက်ကပ်ရခြင်းဖြစ်ကြောင်း အလှူရှင်မိသားစုက ပြောသည်။

မြင်းခြံမြို့ရှိ သီလရှင် ၂၀၃ ပါးအတွက် တစ်ပါးလျှင် ဆန်တစ်ပြည်၊ ပဲဆီ ၅၀ ကျပ်သား တစ်ဘူး၊ ဝတ္ထုငွေ ၃၀၀၀ ကျပ်တို့အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)

kk