မင်းလှ ၁၈ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်ရှိ ပြည်သူတို့၏ အသက်စည်းစိမ်များကို မီးဘေးအန္တရာယ်မှကင်းဝေးစေရေးအတွက် မင်းလှမြို့နယ်စည်ပင်သာရေးအဖွဲ့နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သော ဇေယျာသီရိဈေး မီးဘေးလုံခြုံရေးနှင့်အန္တရာယ် ကင်းဝေးရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးမှူးဦးကျော်စိုးလင်းက ရုတ်တရက်မီးဘေးအန္တရာယ် ကြုံတွေ့ လာပါကမီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုနည်းအဆင့်ဆင့်ကိုရှင်းလင်းပြောကြားပြီး၊ ဆီမီးလောင်မှုအား လက်တွေ့မီးငြှိမ်း သတ်သရုပ်ပြသခဲ့ရာ တက်ရောက်လာသူများကလည်း လက်တွေ့စမ်းသပ်မီးငြှိမ်းသတ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၂)စီးဖြင့်ဇေယျာသီရိဈေးအား လက်တွေ့ရေပက်ဖျန်းသရုပ်ပြသပေးခဲ့ကြကြောင်းသိရသည်။ အဆိုပါ ဇေယျာသီရိဈေးမီးဘေး လုံခြုံရေးနှင့်အန္တရာယ် ကင်းဝေးရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲသို လွှတ်တော်ကိုယ်စားများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးသတ် ဦးစီးမှူးနှင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးသူဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)