မင်းပြားမြို့အနီး အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၆ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော်   ၂၃ ဇန်နဝါရီ

ယနေ့ မြန်မာစံတော်ချိန် ညနေ ၄ နာရီ ၁၈မိနစ်၊ ဝ၅ စက္ကန့်အချိန်တွင် စစ်တွေမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် ၃၄ မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မင်းပြားမြို့၏ အရှေ့မြောက်ဘက် ၅ မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် ၂၀ ဒသမ ၄၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၃၂ ဒီဂရီ၊ အနက် ၇၇ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၆ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

MDN