မင်းသားကီနူးရိဖ် ဟာ 'Matrix 4' နဲ့အတူ ပြန်လာပြီ

၂၁ သြဂုတ်


သိပ္ပံခေတ်လွန်ဇာတ်ကားဖြစ်တဲ့ The Matrix ရုပ်ရှင်ဇာတ်ကားရဲ့ လေးကားမြောက်မှာ မင်းသားကီနူးရိဖ် ဟာ သူရဲကောင်း နီရိုအဖြစ် ပါဝင်သရုပ်ဆောင်ထားကြောင်း Warner Bros က အင်္ဂါနေ့က ပြောကြားပါတယ်။ မင်းသမီး ကယ်ရီ အန်း မော့စ် ကလည်း ထရီနစ်တီအဖြစ် သရုပ်ဆောင်ပြီး မက်ထရစ်ဇာတ်ကားမှာ ပါဝင်ကြောင်း သိရပါတယ်။ 


Matrix 4 ဇာတ်ကားကို ဘယ်အချိန်မှာ ရုံးတင်မယ်လို့တော့ Warner Bros က ပြောကြားခြင်း မရှိပါဘူး။


ပထမဦးဆုံး မက်ထရစ် ဇာတ်ကားဟာ ဒီနှစ်မှာ အနှစ် ၂၀ ပြည့်မှာဖြစ်ပြီး အဲဒီဇာတ်ကားကို လကုန်ပိုင်းမှာ အမေရိကန်နိုင်ငံမှာ အထူးပွဲအဖြစ်ပြသဖို့ရှိနေပါတယ်။ 


ရုံတင်ပြသပြီးသား 'The Matrix' ဇာတ်ကား သုံးကားရဲ့ ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံကျော်ကြောင်း သိရပါတယ်။ 


MDN
ကိုးကား - AFP

 

1