မန်ချက်စတာနှစ်သင်းဆီ ပြောင်းရွှေ့မည်မဟုတ်ဘဲ ဂျူဗင်တပ်ကို ပြောင်းမည်ဟု စပါးတိုက်စစ်မှူး ဟယ်ရီကိန်းပြောကြား

၁၇  မတ်

စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေပြီး မန်ယူအသင်းဆီ ပြောင်းရွှေ့ကစားမှာ မဟုတ်ဘူးလို့ ပြောကြားလာပါတယ်။

တိုက်စစ်မှူး ဟယ်ရီကိန်းကို မန်ယူအသင်းအပြင် မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ အီတလီစီးရီးအေကလပ် ဂျူဗင်တပ်အသင်းတို့ကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတာဖြစ်ပြီး ဟယ်ရီကိန်းကတော့ မန်ချက်စတာနှစ်သင်းဆီ ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဂျူဗင်တပ်အသင်းအနေနဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို နွေရာသီဈေးကွက်အတွင်းမှာ ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့အတွက် ယူရိုသန်း ၂၀၀ အထိ သုံးစွဲသွားဖို့လည်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ဖို့ တစ်ချိန်က စိတ်ဝင်စားခဲ့ပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲ နှစ်ရာသီပိတ်ပင်ခံခဲ့ရတာကြောင့် မန်စီးတီးအသင်းကို ပြောင်းရွှေ့မည့် အစီအစဉ်ဖျက်သိမ်းခဲ့ပြီး ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။

မန်ယူအသင်းကတော့ လာမယ့်နွေရာသီ ဈေးကွက်မှာ တိုက်စစ်ကစားသမားခေါ်ယူမှုအဖြစ် ဒေါ့မွန် အသင်းတိုက်စစ်မှူး ဂျာဒန်ဆန်ချိုနဲ့ အက်စ်တွန်ဗီလာတိုက်စစ်မှူး ဂျက်ဂရီယယ်လစ်ရှ်တို့ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

ငွေကြယ်