မြန်မာ့အသံချစ်သူများအဖွဲ့ အဖွဲ့ဝင်များ တွေ့ဆုံပွဲ ဗန်းမော်မြို့တွင် ကျင်းပမည်

နေပြည်တော်  ၅    ဒီဇင်ဘာ

 

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁၂)ရက်(တနင်္ဂနွေနေ့)၊ နံနက်(၉)နာရီတွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊  မြို့တော်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။

 

အခမ်းအနားတွင် မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းတင်ဗီဒီယို ပြသခြင်း၊ မြန်မာ့အသံ အစီအစဉ်တင်ဆက်သူများက မိတ်ဆက်ခြင်းနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းတို့ပါဝင်မည်ဖြစ်ရာ ဗန်းမော်ခရိုင်အတွင်းရှိ မြန်မာ့အသံချစ်သူ အဖွဲ့ဝင်များ အပါအဝင် အခြားနီးစပ်ရာ ဒေသများမှ မြန်မာ့အသံချစ်သူအဖွဲ့ဝင်များလည်း အခမ်းအနား သို့ အခမဲ့ တက်ရောက်နိုင်ပြီး၊ တက်ရောက်လိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၆၇-၇၉၂၁၅၊ ၀၆၇-၇၉၃၇၄၊ ဖုန်းနံပါတ် ၀၉-၄၀၀၆၀၄၀၃၃ နှင့် ၀၉-၄၀၀၆၀၅၀၃၃တို့သို့ ဆက်သွယ်၍ အခမဲ့စာရင်း ပေးသွင်းနိုင်ကာ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင်လည်း လျှောက်လွှာများ အခမဲ့ရယူပြီး ဒီဇင်ဘာ(၃၁)ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြသည်။ မြန်မာ့အသံချစ်သူအဖွဲ့သို့ ဝင်ရောက်လိုသည့် သောတရှင်များလည်း အဆိုပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အဖွဲ့ဝင်သစ်အဖြစ် အခမဲ့ဝင်ရောက်နိုင်ပြီး အခမ်းအနား တက်ရောက်ရန် စာရင်းပေးသွင်းနိုင်ကြသည်။

 

အခမ်းအနားတွင် Co-Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးလိုသည့် လုပ်ငန်းရှင်များအနေဖြင့် ဖုန်းနံပါတ် ၀၆၇-၇၉၃၇၄၊ ၀၉-၄၂၀၇၀၂၇၉၆၊ ၀၉-၄၃၀၈၆၁၁၉ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်

 

(သတင်းစဉ်)