မြန်မာပြည်မြောက်ဘက်အစွန်ဆုံးမြို့ "ပန်နန်းဒင်"

နိုဝင်ဘာ ၁၇

 

ပန်နန်းဒင်မြို့သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်တွင် ပါ၀င်သည်။ ထိုမြို့သည် မြန်မာပြည် မြောက်ဘက်အစွန်ဆုံးက မြို့တစ်မြို့ "ပန်နန်းဒင်" မြို့လေးဖြစ်သည်။

 

ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ(၃၂၈၀)ပေအကွာတွင် တည်ရှိည်။ ပန်နန်းဒင်မြို့၏ ဖွဲ့စည်းပုံမှာ မြို့ပေါ်ရပ်ကွက်တစ်ခုနှင့် ကျေးရွာအုပ်စု (၅)ခုဖြစ်သည့် ငါဝါ‌ကျေးရွာအုပ်စု၊ ဒဇုံ‌ကျေးရွာအုပ်စု၊ တဆူထုကျေးရွာအုပ်စု၊ အလိအောင်းကျေးရွာအုပ်စုနှင့် မခွမ်ကန်ကျေးရွာအုပ်စု တို့ဖြင့် ဖွဲ့စည်းတည်ထားကာ ကျေးရွာများမှာ ငါဝါ‌ကျေးရွာအုပ်စုထဲတွင် ဂဝိုင်ကျေးရွာ၊ ဒဇုံကျေးရွာအုပ်စုထဲတွင် တအွန်းဒမ်းကျေးရွာ၊ ဆန်ဒမ်းကျေးရွာနှင့် မဒိန်းကျေးရွာ၊ တဆူထုကျေးရွာအုပ်စုထဲတွင် ထလာထုကျေးရွာ၊ တဟွန်းဒမ်းကျေးရွာ၊ အလိအောင်းကျေးရွာအုပ်စုထဲတွင် အလိအောင်း‌ကျေးရွာ၊ ဒဇိုလောင်ကျေးရွာ၊ မန်တုံကျေးရွာ၊ မခွမ်ကန်ကျေးရွာအုပ်စုထဲတွင် ကူရှင်ကျေးရွာတို့ဖြင့် ဖွဲ့စည်းတည်ထားသော မြို့လေးဖြစ်သည်။

 

ပန်နန်းဒင်မြို့၏ အဓိကစိုက်ပျိုးရေးမှာ ပိန်းဥ၊‌ ပြောင်း၊ ဂျုံ၊ အာလူး၊ ပဲ စသည်များအား အဓိကထားစိုက်ပျိုးကြပြီး နေ့စဉ်အသက်မွေးကျောင်းနေသည်။

 

ပန်နန်းဒင်မြို့၏ အောက်ဘက်ပေ (၃၂၈၀)အကွာတွင် မေခမြစ်ကြီး စီးဆင်းနေလျက်ရှိသည်။ မြောက်ဘက်တွင် "ခါကာဘိုရာဇီ" တောင်တန်းကြီး အန္ဒိယနယ်စပ်၊ အရှေ့ဘက်တွင် တရုတ်နယ်စပ်၊ တောင်ဘက်တွင် ခေါင်လန်ဖူးမြို့နယ်၊ အနောက်ဘက်တွင် နောင်မွန်မြို့နယ်တို့က ပတ်ပတ်လည်ဝိုင်းရံလျက် တည်ရှိသော မြို့"ပန်နန်းဒင်" မြို့လေးဖြစ်သည်။

 

နောယော်ဘော်(ပြန်/ဆက်)