မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ် - ဒိုင်ဗင်တင်လှနှင့် ရုပ်ရှင်စကားဝိုင်း

တွေ့ဆုံမေးမြန်း - ဒါရိုက်တာ ကြည်စိုးထွန်း

 

ရုပ်ရှင်စတန့်မင်းသားတွေဟာ သက်စွန့်ဆံဖျား အသက်ကိုရင်းပြီးတော့ စတန့်တွေကို လုပ်ခဲ့ကြတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်။ တချို့ဆိုရင်လည်း စိတ်တွေဘာတွေ ကယောက်ကယက် ဖြစ်ပြီးတော့ အသက်တိုကြရတာ၊ ဒီလိုဟာတွေ တော်တော်များများကို ကျွန်တော်တွေ့ခဲ့ရပါတယ်။ စတန့်မင်းသားရဲ့ ဘဝဆိုတာဟာ တကယ့်ကို နုနုနယ်နယ်နဲ့ ပျော့ပျော့ပျောင်းပျောင်း ဘဝခရီးကို လျှောက်ရတဲ့ ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ ဒါကြောင့်လည်း ဒီအချိန်မှာ တော်တော်များများ စတန့်မင်းသားတွေဟာ မရှိကြတော့ပါဘူး။ အဲဒီအထဲမှာ ကျွန်တော်တို့ ရှားရှားပါးပါးနဲ့ ထူးထူးခြားခြားတွေ့ရတဲ့ စတန့်မင်းသားတစ်ယောက် ရှိပါတယ်။ သူကတော့ အခုကျွန်တော်နဲ့ဆွေးနွေးမယ့်ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူ့ရဲ့ အသက်ကို ပြောရမယ်ဆိုရင်တော့ အခုဆိုရင် ၉၄ နှစ်ထဲကို ရောက်နေပါပြီ။ သူကတော့ ကျွန်တော်တို့အရွယ်တွေ တော်တော်များများသိကြ၊ အားပေးခဲ့ကြ၊ လက်ခုပ်တီးခဲ့ကြ၊ လက်ခေါက်မှုတ်ခဲ့ကြတဲ့ စတန့်မင်းသား ဒိုင်ဗင်တင်လှ ဖြစ်ပါတယ်။

 

(ယမန်နေ့မှအဆက်)

 

mdn

 

ကြည်စိုးထွန်း။ ။ အဘ ဓားခုတ်တဲ့ကားလည်း တွေ့ဖူးတယ်။

 

ဒိုင်ဗင်တင်လှ။ ။ အဘ ဓားခုတ်တာတို့ ဘာတို့ ဒါပေါ့။

 

ကြည်စိုးထွန်း။ ။ ရဲချစ်နဲ့လေ ဓားခုတ်တဲ့ကားလည်း ကျွန်တော်တွေ့ ဖူးတယ်၊ လက်သီးထိုးတဲ့ ကားတွေကတော့ အများကြီးပဲ။

 

ဒိုင်ဗင်တင်လှ။ ။ဟာထိုးတာပေါ့။ လက်သီးကတော့ ထိုးတာပေါ့။

 

ကြည်စိုးထွန်း။ ။ထိုးတယ်။ ဟုတ်ကဲ့ အခုနေထိုးရင်ကော။ ။

 

ဒိုင်ဗင်တင်လှ။ ။ ထိုးနိုင်တာပေါ့။ ခုနကားပေါ်မှာ ဘတ်စ်ကားပေါ်မှာ အရက်မူးသမားတစ်ယောက်က ရုတ်ရုတ် လုပ်တာ ကိုယ်ကတစ်ချက်တည်းတီးလိုက်တာ တစ်ခါတည်းထိုင်သွားရော။

 

ကြည်စိုးထွန်း။ ။ဪ ဆုံးမလိုက်တာ၊ အခုထိလက်သီးက ပြင်းတုန်းပေါ့။

 

ဒိုင်ဗင်တင်လှ။ ။ တောင့်တာပေါ့။ ကြည်စိုးထွန်း။ ။ ဟုတ်လား၊ တောင့်တုန်း ၉၄ နှစ်။

 

ဒိုင်ဗင်တင်လှ။ ။အခုလည်း အားကစားလုပ်နေရတာပေါ့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ။ ။ လမ်းလျှောက်၊ တန်းခိုရတာပေါ့ ။

 

ကြည်စိုးထွန်း။ ။ကောင်းပါတယ်အဘ၊ အခုကျန်းကျန်းမာမာနဲ့လေ။

 

ဒိုင်ဗင်တင်လှ။ ။ စားတာတော့ ထမင်းသိပ်စားလို့ မကောင်းဘူး၊ လက်ဖက်ရည်နဲ့၊ မုန့်တွေနဲ့၊ မုန့်ဖိုးတွေ တစ်နေ့တစ်နေ့ ငါးရာဖိုးလောက်စားတယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်လား။

 

ဒိုင်ဗင်တင်လှ။ ။ သားကကျွေးတယ်၊ သားကလက်ဖက်ရည်ဆိုင်မှာ ကြိုက်တာစား။

 

ကြည်စိုးထွန်း။ ။ ဪ ဪ ကျွန်တော်လည်း ကျွေးမှာပေါ့။ အခု ဒါပြီးရင် ကျွေးမယ်။

 

ဒိုင်ဗင်တင်လှ။ ။အခုဘုရင့်နောင်တံတားမှာ ဒိုင်ဗင်ထိုးပြချင်တယ်။ အောက်မှာ လှေတစ်စင်းပဲထား၊ ဒိုင်ဗင်ထိုးပြီး ရေကူးပြီး တက်သွားမှာ။

 

ကြည်စိုးထွန်း။ ။ ပေါ်မလာရင်ကော။

 

ဒိုင်ဗင်တင်လှ။ ။ ဟာ ပေါ်တာပေါ့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ပြီ ကျွန်တော်လာမယ်။ ကျွန်တော်က ကင်မရာနဲ့၊ အဘနဲ့၊ ကျွန်တော်နဲ့ တစ်ခါ

လောက်ရိုက်ပြီး။

 

ဒိုင်ဗင်တင်လှ။ ။ ရိုက်တဲ့အခါ ရုပ်ရှင်ကောင်စီကို အကြောင်းကြားလိုက်။

 

ကြည်စိုးထွန်း။ ။ အကြောင်းကြားမယ်လေ။

 

ဒိုင်ဗင်တင်လှ။ ။ တံတားပေါ်က ဒိုင်ဗင်ထိုးတော့မယ်ဆိုရင်။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ။ ။ အဘ ဘောင်းဘီတွေ၊ဘာတွေ ဝတ်လာမယ် ဘောင်းဘီအတိုတွေ။

 

ကြည်စိုးထွန်း။ ။ဪ ဘောင်းဘီအတိုလေး၊ ဟုတ်ကဲ့၊ ဟုတ်ပါပြီ၊ အရှည်ကော၊ အရှည် ဝတ်လည်းရပါတယ်၊ အရင်ကလိုပေါ့ ရှမ်းဘောင်းဘီ။

 

ဒိုင်ဗင်တင်လှ။ ။ ဘောင်းဘီအရှည်လည်း ရတာပေါ့လေ။ရှမ်းဘောင်းဘီနဲ့ပေါ့။

 

 ကြည်စိုးထွန်း။ ။အဘကလေ မင်းသားသာဖြစ်တာ အရပ်နည်း နည်းပုတယ်နော်။ အဲဒီအရပ်ပုတော့ ဘယ်သူနဲ့သွားတူလဲဆိုတော့ နိုင်ငံခြားက မင်းသားတစ်ယောက်ရှိတယ်။ Audie Murphy လေ။ အရပ်ပုပုနဲ့လေ။

 

mdn

 

ဒိုင်ဗင်တင်လှ။ ။ Audie Murphy

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ။ ။ ကျွန်တော်က ဘားမား Audie Murphy

 

ကြည်စိုးထွန်း ။ဪ အဘကို ဘားမား Audie Murphy လို့ လူ‌တွေကခေါ်ကြတယ်။

 

ဒိုင်ဗင်တင်လှ။ ။လူတွေကဘွဲ့ပေးတာ၊ အဘ ကို Audie Murphy ဆိုပြီးတော့ ဘွဲ့ပေးတာ။

 

ကြည်စိုးထွန်း။ ။ Audie Murphy ကားတွေ အဘကြည့်ဖူးမှာပေါ့။

 

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့ကြည့်တယ်။

 

ကြည်စိုးထွန်း။ ။ ကောင်းတယ်နော် Audie Murphy ကားတွေလည်း ကျွန်တော်က ကြည့်ရတယ်။ အဘကားတွေလည်း ငယ်ငယ်တုန်းက ကြည့်ရတယ်။ အဲဒီတုန်းကတော့ အခုနဲ့မတူဘူးပေါ့ ငယ်သေးတာကိုး။

 

ဒိုင်ဗင်တင်လှ။ ။ ငယ်သေးတာကိုး။

 

ကြည်စိုးထွန်း။ ။လူကလည်း သိပ်ချောတာပဲ။ မင်းညီ မင်းသားပုံစံဆို သိပ်ချောတယ်။

 

ဒိုင်ဗင်တင်လှ။ ။အခု အဘပုံတွေမြင်ရင်တောင်မှ အဘမမှတ်မိဘူး။ မေ့ကုန်ပြီ အသက်ကကြီးသွားတော့ old man ဖြစ်သွားတော့ I forgot လေ။

 

ကြည်စိုးထွန်း။ ။မေ့တာပေါ့။ ဒါကတော့လေနော် အသက်ကကြီးလာတော့ ဒါပေမယ့် အခုစတန့်မင်းသားတွေထဲမှာဆို အဘတစ်ယောက်ပဲ ကျန်တော့တယ်။ မှန်တယ် ပထမဆုံး စတန့်မင်းသားတွေ ပေါ်တဲ့အခါမှာ ဆိုပါတော့ အဘရယ် ဥပမာဆိုပါတော့ ကျော်စိုး၊ ကျော်မိုး၊ ကျော်ဟိုး။ နောက်ပြီး တော့ တင်ဖေ တင်ဆွေ၊ တင်ငွေ။

 

ဒိုင်ဗင်တင်လှ။ ။ ကိုကျော်ညွန့်။

 

ကြည်စိုးထွန်း။ ။ ကျော်ညွန့်၊ ကျော်အေး၊ချစ်ရွှေ၊ နောက်ပြီးတော့ ရွှေမန်းထွန်းတင်၊ အဲဒါတွေပြီးတော့ ဒါစစ်ကြိုခေတ်က မင်းသားကြီးတွေ။ နောက်ပိုင်းကျတော့ အဘတို့ကစစ်ကြိုခေတ်ကို အသံတိတ် လည်း မီတယ်။ ဒါပေမယ့် အဲဒီတုန်းကတော့ ဒီမင်းသားကြီးတွေလောက်တော့ ဟိုဒင်းမဖြစ် ဘူးပေါ့နော်။ ဒီဘက်ကျတော့ အဘရယ်၊ ရွှေဘရယ်၊ တင်ညွန့်ရယ်၊ ကျော်ဆွေရယ် စသည်အားဖြင့် စတန့်မင်းသားတွေ နာမည်ကြီးလာတာကိုး။

 

mdn

 

ဒိုင်ဗင်တင်လှ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ စတန့်မင်းသားတွေ။

 

ကြည်စိုးထွန်း။ ။ အဲဒီအထဲက အခုဆိုရင် မရှိကြတော့ဘူး။

 

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့။

 

ကြည်စိုးထွန်း။ ။ ရွှေဘလည်း မရှိတော့ဘူး၊ ဦးကျော်ဆွေလည်းမရှိတော့ဘူး၊ ဦးတင်ညွန့်လည်း ဟိုတစ်လောကပဲ ကွယ်လွန်သွားပြီ။ ။

 

ဒိုင်ဗင်တင်လှ။ ။ တစ်ခုရှိတယ်၊ အဘက အရက်မသောက်ဘူး၊ ဆေးလိပ်မသောက်ဘူး၊ ကွမ်းငုံတာပဲရှိတယ်။ ငုံထားတာပဲရှိတယ်။

 

ကြည်စိုးထွန်း။ ။ ကွမ်းလည်းမကောင်းဘူး၊ မစားနဲ့။

 

ဒိုင်ဗင်တင်လှ။ ။ ကွမ်းကိုမငုံရရင် မနေနိုင်ဘူး၊ ကွမ်းငုံထားရတယ်။

 

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ကဲ့ ဟုတ်ကဲ့၊ ရှုပ်ရှုပ်ပွေပွေလည်းမနေဘူး။

 

ဒိုင်ဗင်တင်လှ။ ။ဟုတ်တာပေါ့။

 

ကြည်စိုးထွန်း။ ။ ဪ ဟုတ်ပြီ ဟုတ်ပြီ။

 

ဒိုင်ဗင်တင်လှ။ ။အဲဒါအားလုံး stop အနန္တော အနန္တငါးပါးပဲ၊ ထိုင်နေရင်လည်း “သောဘဂဝါ ဣတိပိ အရဟံ အရဟံဗုဒ္ဓေါ အရဟံဘဂဝါ သိဒ္ဓိ” ရောက်အောင်ဒါပဲ။

 

ကြည်စိုးထွန်း။ ။ ဘာသာရေးပဲ။

 

ဒိုင်ဗင်တင်လှ။ ။ အာရုံပြုနေတာ။

 

ကြည်စိုးထွန်း။ ။ကောင်းတယ်အဘ၊ ကောင်းပါတယ်၊ ကောင်းပါတယ်။

 

ဒိုင်ဗင်တင်လှ။ ။ မနက်ဘုရားရှိခိုး၊ ညဘုရားရှိခိုး။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဒါဖြင့်ရင်တော့ အဘရဲ့ အတွေ့အကြုံပေါ်မှာ မူတည်ပြီးတော့ပြောရရင် အဘဟာ အရက်မသောက်ဘူး။ မိန်းမလည်း မလိုက်စားဘူး၊ နောက် ဆေးလိပ်လည်း မသောက်ဘူး။ အဲဒီအတွက် အဘက ဒီလို အသက်ရှည်ရှည်လေး နေရတယ်ဆိုတာ ကျွန်တော်သိရတော့ နောင် အခုတက်လာတဲ့ မင်းသားတွေပေါ့နော်၊ သရုပ်ဆောင်တွေ ပြောချင်တာပေါ့နော် ဘာလို့လဲဆိုတော့ အထူးသဖြင့်ပေါ့ ဆေးလိပ်မသောက်တာ ကောင်းတယ်၊ ဆေးလိပ်သောက်တာ အင်မတန်ဆိုးကျိုးဖြစ်တယ်။

 

ဒိုင်ဗင်တင်လှ။ ။ နှလုံးမှာ လာရောင်စေတယ်၊ အသည်းဒုက္ခပေး တာပေါ့။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ခင်ဗျ အဆုတ်။

 

ဒိုင်ဗင်တင်လှ။ ။ ကွမ်းငုံတာက ကွမ်းလေးငုံထွေးလိုက်တာပဲ။ ဘာမှ မဖြစ်ဘူး။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ အဲဒီတော့အဘရေ အသံတိတ်ထဲမှာဆိုရင် အဘ “သူပုန်မ” တို့။

 

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့။

 

ကြည်စိုးထွန်း။ ။ “စောရသက်ပြင်း”။

 

ဒိုင်ဗင်တင်လှ။ ။ “စောရလက်ဝဲ”

 

ကြည်စိုးထွန်း။ ။ “စောရလက်ဝဲ”“ချစ်ဘေးဒဏ်”။

 

ဒိုင်ဗင်တင်လှ။ ။ “ချစ်ဘေးဒဏ်”။

 

ကြည်စိုးထွန်း။ ။တွဲရတဲ့မင်းသမီးတွေ ကြည့်လိုက်တဲ့အခါကျတော့။

 

ဒိုင်ဗင်တင်လှ။ ။ မေ့ကုန်ပြီ။

 

ကြည်စိုးထွန်း။ ။ အဲဒီအထဲမှာ ထူးခြားတဲ့ မင်းသမီး တစ်ယောက်ပါ တယ်၊ သူကဘယ်သူလဲဆိုတော့ ခင်စန်းရီလို့ခေါ်တဲ့ ဝင်နီ။ ။

 

mdn

 

ဒိုင်ဗင်တင်လှ။ ။ဝင်နီ၊ ဝင်နီ သူက ကပြား။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့ သူ့ကို တော်တော်များများ ကျွန်တော်တွေ့ခဲ့ဖူးတယ်လေ၊ နောက်ကျတော့ သူကရုပ်ရှင်ထဲက ထွက်ပြီးတော့ ကျောင်းဖွင့်တယ်။ သူကကျောင်းဖွင့်တဲ့ဟာလေး ကျွန်တော်သွားတွေ့တယ်။

 

ဒိုင်ဗင်တင်လှ။ ။ ဟုတ်ကဲ့။

 

ကြည်စိုးထွန်း။ ။ ဒိုင်ဗင်ထိုးရတဲ့အခါမှာ တစ်ခါတစ်ခါကျရင် အခက်အခဲ မတွေ့ဘူးလား၊ ဥပမာ ဒိုင်ဗင်ထိုးလိုက်တယ်။ ကိုယ်မှန်းသလို နေရာကိုမရောက်ဘဲနဲ့ မမှန်းတဲ့နေရာကို ရောက်ပြီးတော့ သတိမေ့သွားတာတို့၊ ဒဏ်ရာရသွားတာတို့ မဖြစ်ဖူးဘူးလား။

 

ဒိုင်ဗင်တင်လှ။ ။မဖြစ်ဖူးဘူး၊ သူ့ဟာနဲ့သူလုပ်သွားတာ။

 

ကြည်စိုးထွန်း။ ။ အတိအကျပဲလား။

 

ဒိုင်ဗင်တင်လှ။ ။ အတိအကျ အလုပ်လုပ်ရတယ်။ ။

 

ကြည်စိုးထွန်း။ ။ ဪ တကယ်လို့မြေကြီးပေါ်မှာ။ ။

 

ဒိုင်ဗင်တင်လှ။ ။ ရေတိမ်တယ်ဆိုရင် ထိုးပြီးတော့ roll လုပ်လိုက်ရတာ။

 

ကြည်စိုးထွန်း။ ။ ရေတိမ်ရင်။ ။

 

ဒိုင်ဗင်တင်လှ။ rollလုပ်တော့ ကျောနောက်က အသားဖြစ်သွားတယ်။ 

 

mdn

 

ကြည်စိုးထွန်း။ ။ ကျောနဲ့ပဲကျတယ်။

 

ဒိုင်ဗင်တင်လှ။ ။နို့မို့ဆိုခေါင်းနဲ့ မြေကြီးနဲ့ဆောင့်မိမယ်။

 

ကြည်စိုးထွန်း။ ။ဪ ခေါင်းနဲ့ မြေကြီးနဲ့စိုက်။

 

ဒိုင်ဗင်တင်လှ။ ။ ရေတိမ်မှာဆို roll လုပ်လိုက်ရတယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ။ ။ ကျောနဲ့ကျတယ်။

 

ကြည်စိုးထွန်း။ ။ ဟုတ်ကဲ့။

 

ဒိုင်ဗင်တင်လှ။ ။ အဲဒီလိုလုပ်ရတယ်။

 

ကြည်စိုးထွန်း။ ။ အဲဒီလိုစိုက်ပြီးတော့သေခဲ့တဲ့ လူတွေလည်းရှိတယ်နော်။ အဲဒီလို မြေကြီးထဲကို စိုက်ပြီးတော့ ပေါ်မလာဘဲနဲ့ သေခဲ့တဲ့ စတန့်သမားတွေလည်း ရှိတယ်နော်။

 

ဒိုင်ဗင်တင်လှ။ ။ တချို့လည်းရှိတယ်။

 

ကြည်စိုးထွန်း။ ။တချို့လည်း ဇက်ကျိုးပြီးတော့လေ၊ အဲဒီတော့ အင်းလျားကန်မှာသွားပြီးတော့ ဒိုင်ဗင် လေ့ကျင့်တဲ့အခါမှာ အဲဒီတုန်းက အဘနဲ့ အတူတူလေ့ကျင့်တဲ့ လူတွေရှိလား။

 

ဒိုင်ဗင်တင်လှ။ ။ ဒိုင်ဗင်သိန်းတို့ ဘာတို့ဆိုတာရှိတယ်။

 

(ဆက်လက်ဖော်ပြပါမည်)