မွန်မြတ်သောစိတ်ထားဖြင့်ဝိုင်းဝန်းကူညီ

ယနေ့မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှု၊ လူအချင်းချင်း ကူညီရိုင်းပင်း စောင့်ရှောက် မှုများ တိုးပွားလာ သည်ကို မြင်တွေ့နေ ရသည်။ ယင်းတို့သည် အပေါင်းလက္ခဏာဆောင်သည့် ကောင်းသော အမှုများဖြစ်၍ ကြိုဆိုရမည် ဖြစ်သည်။

 

စေတနာ့ဝန်ထမ်း လူမှုရေးအသင်းအဖွဲ့များ ဖြစ်သည့် ကြက်ခြေနီ၊ ကင်း ထောက်၊ မီးသတ်၊ လူမှုကူညီရေး၊ နာရေးကူညီ ရေးစသည့် အသင်းအဖွဲ့ ပေါင်းစုံတို့ ပြည်သူ့အကျိုးပြု၊ နိုင်ငံ့ အကျိုးပြု လုပ်ငန်း များတွင် ပါဝင် လာ ကြသည်ကို တွေ့ရသည်။ မွန်မြတ်သောစေတနာဖြင့် ကူညီဖေးမ စောင့်ရှောက်မှုများကို ဂုဏ်ပြုအသိအမှတ်ပြုရမည်ဖြစ်သည်။ ထိုအသင်း အဖွဲ့များတွင် သက်တမ်း အရှည်ဆုံး လူမှုကရုဏာအဖွဲ့ အစည်း မှာ နိုင်ငံ တော်၏ အရန်အင်အားဖြစ်သည့် ကြက်ခြေနီ အသင်းပင်ဖြစ်သည်။

 

ကြက်ခြေနီအသင်းသည် လူသားချင်းစာနာထောက်ထား ကူညီခြင်းတာ ဝန်ကို အဓိကထမ်းဆောင် သည် ဆိုသော်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေး အကောင်အထည်ဖော်ရာ၌ လည်း ပူးပေါင်းပါ ဝင်ခြင်းဖြင့် တစ်ဖက်တစ်လမ်းက အထောက် အကူပြုရမည်ဖြစ်သည်။ လူမှုကူညီရေး အသင်း အဖွဲ့များ အားကောင်းလာသောအခါ၌ ကြက်ခြေနီအသင်း၏ စွမ်းဆောင်မှု များကိုလည်း ခေတ်ကာလနှင့် ဆီလျော်စွာတိုးတက် ကောင်းမွန် လာအောင် ဆောင်ရွက်ရမည့်အချက်ကို ဆင်ခြင်မိ ပါသည်။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (၁၃) ကြိမ်မြောက် ကြက်ခြေနီညီလာခံ နှင့် အသင်းနှစ် (၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနား၌ "မည်သည့်အဖွဲ့ အစည်းမှ အမြဲတမ်းပြီးပြည့်စုံ ခြင်း မရှိပါကြောင်း၊ အခြေအနေအချိန် အခါနှင့် လိုက်လျောညီထွေ ရှိအောင် ပြုပြင်သင့်သည်များကို ပြုပြင် ပြောင်းလဲ လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲသင့် သည်ကို ပြုပြင်ပြောင်းလဲရဲသည့် သတ္တိလည်း ရှိရမည်ဖြစ်ပါကြောင်း၊ ပြောင်းလဲ သင့်သည့်အရာများကို ပြောင်းလဲနိုင်သည့် စွမ်းရည်များလိုအပ် သကဲ့သို့ ကြုံတွေ့လာရမည့်အခက်အခဲများအတွက် ခံနိုင်ရည်လည်း ရှိရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မည်သည့်အရာကို ပြုပြင်ပြောင်းလဲ သင့်ပြီး မည်သည့်အရာကို မပြောင်းလဲသင့်ကြောင်း ဝေဖန်ပိုင်းခြားနိုင် သည့်၊ ခွဲခြားသိနိုင်သည့် ဉာဏ်ပညာ အမြော်အမြင်ရှိရန်လည်း လိုအပ်ပါ ကြောင်း" နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

 

မျက်မှောက်ကာလတွင် ကြက်ခြေနီအသင်းကို အကြောင်း ပြု၍ ပြုပြင် သင့် သည်များကို ပြုပြင် ပြောင်းလဲနိုင်ရန် နိုင်ငံတော်သမ္မတက အသိပေး လိုက်ခြင်းဖြစ်သည်။ ပြောင်းလဲခြင်း၊မပြောင်းလဲခြင်းဟုဆိုရာတွင် မြန်မာ့ လူ့ဘောင်အဖွဲ့ အစည်းအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်သင့်သည် များ ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်း လဲ သင့်သည်တို့ကို ပြုပြင်ပြောင်းလဲရန်ဖြစ်သည်။ မြန်မာ့လူ့ဘောင် တွင် ဘာသာရေးကိုအခြေခံသည့် ကိုယ်ကျင့်တရား၊ စံနှုန်းများနှင့် ယဉ်ကျေးမှု ကိုအခြေခံသည့် အစဉ်အလာအမွေအနှစ်များအား ထိန်းသိမ်းစောင့်ရှောက် ရန် လိုအပ်မည်ဖြစ်သည်။ပြောင်းလဲရ မည်ဆိုရာ၌ လူ့ဘောင်အဖွဲ့အစည်း ကို ခေတ်နှင့်အညီ ရင်ပေါင် တန်းနိုင်ရေးအတွက် မြန်မာတို့၏ နှုန်းစံများ အား အသိဉာဏ်အားဖြင့် ဆင်ခြင်ချိန်ညှိကာ လုပ်ကိုင်တတ်ရန် ဖြစ်သည်။

 

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသာမက လူမှုအသင်းအဖွဲ့များ၊ အဖွဲ့ အစည်းများအနေဖြင့် နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ပြောင်းလဲသင့်သည် များကို ပြောင်းလဲ၍ ထိန်းသိမ်းစောင့်ရှောက် သင့်သည် များကို ဆက် လက် ထိန်းသိမ်းမြှင့်တင်သွားကြရမည် ဖြစ်သည်။ ယနေ့အချိန်အခါတွင် စိန်ခေါ်မှုများ၊ ပြဿနာပဋိပက္ခ များရှိနေသေးသဖြင့် ပြည်တွင်းပြည်ပ ဘေး အန္တရာယ်ကျရောက် လွယ်သူများ အတွက် လူမှုကရုဏာ အကူအညီ များ ပေးနိုင်သည့် စွမ်းဆောင်ရည်ပြည့်ဝသော အသင်းအဖွဲ့များ ဖြစ် အောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှ လူမှုရေးအသင်း အဖွဲ့များ အနေ ဖြင့် စေတနာ၊ မေတ္တာ၊ ကရုဏာစွမ်းပကားများ ဖြင့် အကူအညီလိုအပ်သူ မည်သူကိုမဆို ရန်သူ၊ မိတ်ဆွေမခွဲခြား ဘဲ နေရာဒေသ အချိန်အခါ အလိုက် စွမ်းဆောင်ပေးနိုင်သည့် မွန်မြတ်သောစိတ်ထားရှိသူများဖြစ် အောင် ကြိုးပမ်းအားထုတ် ရင်း ငြိမ်းချမ်းသာယာဝပြောသော လူ့ဘောင် အဖွဲ့ အစည်းအဖြစ် ဝိုင်းဝန်း ကူညီကြရမည်ဖြစ်ပါကြောင်း။

 

ာာ‌ေ