မန်ယူအသင်းက တိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ်ကို ပြန်လည်ခေါ်ယူဖွယ်ရှိနေ

၁၂  နိုဝင်ဘာ

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ချ်ဟာ ၂၀၁၈ ခုနှစ်က မန်ယူအသင်းကနေ ထွက်ခွာပြီး မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဆီအသင်းဆီ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပြီး နှစ်ရာသီကြာ ကစားအပြီးမှာ အီဘရာဟီမိုဗစ်ချ် အယ်လ်အေဂလက်ဆီ အသင်းအတွက် သွင်းဂိုး ၂၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် မန်ယူအသင်းအနေနဲ့ အီဘရာဟီမိုဗစ်ချ်ကို တိုက်စစ်ပိုင်းအားဖြည့်ဖို့ အတွက် ပြန်လည်ခေါ်ယူဖွယ် ရှိတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။

အီဘရာဟီမိုဗစ်ချ်ဟာ နည်းပြမော်ရင်ဟိုလက်ထက်က မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားနဲ့ ကာရာဘာအိုဖလားတို့ကို ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

နည်းပြဆိုးရှားလက်ထက် အခုဘောလုံးရာသီမှာ လူကာကူနဲ့ ဆန်းချက်ဇ်တို့ကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ပြီးချိန်မှာ ရလဒ်ပိုင်းဆိုးရွားနေတာကြောင့် ဂျူဗင်တပ်တိုက်စစ်မှူး မန်ဇူကစ်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထား နေတယ်လို့ သိရပါတယ်။

ငွေကြယ်