Mobile Tablet အသုံးပြု၍ တစ်နိုင်ငံလုံးရှိ ပြည်သူ့ကျန်းမာရေးကြီးကြပ်(၂)များအတွက် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော် ၁၂ ဇူလိုင်

 

Mobile Tablet အသုံးပြု၍ တစ်နိုင်ငံလုံးရှိ ပြည်သူ့ကျန်းမာရေးကြီးကြပ်()များအတွက် မွမ်းမံသင်တန်းပေးနိုင်ရန် ဆရာများအား သင်တန်းပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။   

 

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မိမိတို့မြန်မာနိုင်ငံတွင် အင်တာနက်ကွန်ရက် ဆက်သွယ်မှုများ၊ အီလက်ထရောနစ်ကိရိယာများ ပိုမိုတိုးတက်ဖွံ့ဖြိုးလာသည်နှင့်အညီ ဝန်ကြီးဌာန၏ မွမ်းမံသင်တန်းများ၊ စွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို ယခု ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလမှ စတင်၍ အင်တာနက်ကွန်ရက် အသုံးပြုသင်ကြားသင်ယူမှု (e learning) စနစ်ဖြင့် ပိုမိုအားဖြည့်ပြုလုပ်တော့မည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် (၁၂) ခုရှိ အခြေခံကျန်းမာ ရေးပညာရှင်ဝန်ထမ်းများ၊ တိုက်နယ်နှင့် မြို့နယ်ဆရာဝန်များထံ Mobile Tablet စုစုပေါင်း (၂၀,၀၀၀) ကျော်ကို ဖြန့်ဝေးခဲ့ပြီးဖြစ်သဖြင့် ၎င်း Mobile Tablet များမှတစ်ဆင့် အမျိုးမျိုးသော ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဘာသာရပ်များအား စနစ်တကျ စီမံချက်များရေးဆွဲကာ မွမ်းမံသင်တန်းများပေးခြင်းများ ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း။

 

ကျန်တိုင်းဒေသကြီး/ ပြည်နယ် () ခုသို့လည်း Mobile Tablet များ ဆက်လက်ဖြန့်ဝေရန် စီစဉ်လျက်ရှိပါကြောင်း၊ အဆိုပါ Mobile Tablet များတွင် လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုဆိုင်ရာ စာအုပ်စာတမ်းများ၊ အသုံးချ application များ ထည့်သွင်းထားရှိပြီးဖြစ်ပါကြောင်း၊ ၎င်း Mobile Tablet များကို ဝန်ကြီးဌာနမှ ကျင်းပလျက်ရှိသော Video conferencing အစည်းအဝေးများ တက်ရောက်ရာတွင်လည်း စတင်အသုံးပြုလျက်ရှိနေပြီ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအား ရှေ့တန်းမှ ဆောင်ရွက်နေသည့် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများ၏ အသိပညာဗဟုသုတမြင့်မားခြင်း၊ စွမ်းဆောင်ရည်မြင့်မာခြင်းဖြင့် ဝန်ကြီးဌာန၏ ပညာရှင်ဝန်ထမ်းတစ်ဦးချင်းစီအတွက် အကျိုးရှိရုံသာမက ၎င်းတို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ပြည်သူများအတွက်လည်း များစွာအကျိုးရှိစေမည် ဖြစ်ပါကြောင်း၊ လက်ရှိစာရင်းများအရ ကျေးလက်ကျန်းမာရေးဌာန ၁၈၄၉ ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၈၇၀၀၊ မိခင်ကလေးကျန်းမာရေးဌာန ၃၄၈ ခုနှင့် ဒေသန္တရကျန်းမာရေးဌာန/ဌာနခွဲ ၉၃ ခုတို့တွင် အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်း ၃၀၀၀၀ ကျော်ခန့် တာဝန်ထမ်းဆောင်နေပါကြောင်း။

 

အခြေခံကျန်းမာရေး ပညာရှင်ဝန်ထမ်းများက ကျေးလက်တောရွာများဒေသများ၌ Mobile Tablet တွင်ပါဝင်သော ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များနှင့် အသုံးချကျန်းမာရေးအသိပညာပေး application များကို အသုံးပြုကာ ကျန်းမာရေး စကားဝိုင်းငယ်များကို ပြုလုပ်လျက်ရှိရာ ရေရှည်ကာလ၌ ပြည်သူများတွင် ကျန်းမာရေးအသိပညာ ဗဟုသုတများကြွယ်ဝလာမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေး အသိပညာဗဟုသုတ ကြွယ်ဝကာ ကျန်းမာရေးကောင်းမွန်စေသည့် နေထိုင်စားသောက်မှုပုံစံများကို ပြုမှုကျင့်ကြံခြင်းနှင့် ရောဂါ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာခြင်းတို့ဖြင့် ပြည်သူများ ပိုမိုကျန်းမာလာကြမည် ဖြစ်ပါကြောင်း၊ ပြည်သူများတွင် ရောဂါဖြစ်ပွားမှုများ နည်းပါးလာခြင်းဖြင့် ၎င်းရောဂါများကိုကုသရန် အသုံးပြုရမည့် ဝန်ကြီးဌာန၏ ဘဏ္ဍာငွေကုန်ကျမှုလည်း နည်းပါးလာမည်ဖြစ်သဖြင့် အဆိုပါဘဏ္ဍာငွေများကို အဆင့်မြင့်စက်ပစ္စည်း ကိရိယာများဝယ်ခြင်း၊ ဆေးရုံအဆင့်မြှင့်တင်ခြင်းတို့ အပါအဝင် ကျန်းမာရေးစနစ် ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း။

 

ဤဆရာဖြစ်သင်တန်းမှ စတင်၍ ဆက်လက်ပြုလုပ်မည့် ဆင့်ပွားသင်တန်းများအား တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အလိုက် ပြုလုပ်ရန် အစီအစဉ်ရေးဆွဲထားပြီး ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက်၊ အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းအဆင့်အလိုက် Mobile Tablet တွင် ပါဝင်သော ကျန်းမာရေးအသိပညာဗဟုသုတ၊ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများအား နားလည်မှုနှင့် အသုံးချနိုင်မှုတို့ အပါအဝင် Mobile Tablet အား အကျိုးရှိ ထိရောက်စွာ အသုံးချနိုင်စေရန် ရည်ရွယ်ကာ ထိုက်တန်သော ဆုကြေးငွေများပေးအပ်မည့် ပြိုင်ပွဲများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ယခုနှစ်အတွင်း ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ကျင်းပခဲ့သော အခြေခံကျန်းမာရေးပညာရှင် ဝန်ထမ်းများညီလာခံတွင် ဆွေးနွေးအကြံပြုချက်များကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားစေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိစေရန်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက် စာမျက်နှာများကို ပုံမှန်လေ့လာကြည့်ရှုကြစေလိုပါကြောင်း။

 

ယခုကဲ့သို့ မွမ်းမံသင်တန်းများသာမက ဝန်ကြီးဌာနရှိ eHealth ဌာနခွဲမှ Mobile Tablet များကို အသုံးပြု၍ မိမိကိုယ်တိုင် စိတ်ကြိုက်အချိန်တွင် လေ့လာလိုသည် သင်ခန်းစာအား လေ့လာသင်ယူနိုင်သောသင်တန်း (Self-Paced E-Learning) သင်ခန်းစာများကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် အကျိုးရှိထိရောက်စွာ အသုံးချကြစေလိုပါကြောင်း ပြောကြားသည်။

 

အဆိုပါ ဆရာဖြစ်သင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ဒုတိယတိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးများနှင့် မြို့နယ်ကျန်းမာရေးမှူးများ တက်ရောက်ခဲ့ပြီး ()ရက်တာ သင်တန်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်