MPT Myanmar National League 2020 ဘောလုံးပွဲစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်‌တော် ၂၅ စက်တင်ဘာ

MPT Myanmar National League 2020 ပွဲစဉ် (၁၉)၊ ပွဲစဉ်များအနက် Sagaing United FC အသင်းနှင့်  Yadanarbon FC အသင်းတို့သည် စက်တင်ဘာ ၂၆ ရက်တွင်လည်းကောင်း၊ Southern Myanmar FC အသင်းနှင့် Shan United FC အသင်းတို့သည် စက်တင်ဘာ ၂၇ ရက်တွင်လည်းကောင်း ညနေ ၃ နာရီခွဲမှ စတင်၍ ရန်ကုန်ရှိ Y.U.S.C ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။

အဆိုပါ ဘောလုံးပွဲစဉ်များကို  မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ ၃ နာရီမှ စတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်