မတ္တရာမြို့ မြို့မစျေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

မတ္တရာ   ၂၉  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် မြို့မစျေးကြီး မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းဇာတ်တိုက် လေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ စျေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

 

ထို့သို့ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမင်းမျိုးထွန်းမှ အရေးပေါ်မီးသတ်ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်ခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး စျေးတာဝန်ခံများအား လက်တွေ့ မီးငြိမ်းသတ်ခြင်းကို ဆောင်ရွက်စေခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့မစျေး တာဝန်ရှိသူများပူးပေါင်း၍ မီးသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်းများကို ဆောင်ရွက်ခဲ့ပြီး မြို့မစျေးအတွင်း၌ မီးသတ်ရေကန်ထားရှိမှု အခြေအနေများကို စစ်ဆေးခဲ့ကြသည်။

 

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ပူးပေါင်းဇာတ်တိုက်လေ့ကျင့်မှုတွင် မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ၊ စျေးအကျိုးတော်ဆောင်များနှင့် မြို့မစျေး အရန်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)