“မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကား တရုတ်ရွှေကြက်ရာပန်း ရုပ်ရှင်ပွဲတော်တွင် ပြသရန် ရွေးချယ်ခံရ

ရန်ကုန် ၁၆  နိုဝင်ဘာ

တရုတ်နိုင်ငံ ဖူကျင့်ပြည်နယ်ရှားမန့်မြို့တွင် နိုဝင်ဘာ ၁၉ ရက်မှ ၂၃ ရက် အထိကျင်းပမည့် (၂၈) ကြိမ်မြောက် တရုတ်ရွှေကြက်ရာပန်းရုပ်ရှင်ပွဲတော်တွင် “မုဒြာခေါ်သံ” ရုပ်ရှင်ဇာတ်ကား ပြသရန် ရွေးချယ်ခံရကြောင်း သိရ သည်။

အဆိုပါ ရွေးချယ်ခံရသောရုပ်ရှင်ဇာတ်ကားကို ရုပ်ရှင်ပွဲတော်၌ပြသပြီး အကောင်းဆုံး နိုင်ငံရပ်ခြားရုပ်ရှင်ဆု၊ အကောင်းဆုံး နိုင်ငံရပ်ခြားဒါရိုက်တာဆု၊ အကောင်းဆုံး နိုင်ငံရပ်ခြား ဇာတ်ဆောင်မင်းသားဆုနှင့် အကောင်းဆုံး နိုင်ငံရပ်ခြား ဇာတ်ဆောင်မင်းသမီးဆုများကို ကြည့်ရှုသူပရိသတ်များ၏ ( မဲအရေအတွက်ဖြင့် ရွေးချယ်၍ ဆုချီးမြှင့်သွားမည်ဖြစ်သည်။ ။

“မုဒြာခေါ်သံ” ဇာတ်ကားသည် ပြည်တွင်း၌ ပြသခဲ့စဉ်အောင်မြင်မှုများရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကျင်းပခဲ့သည့် Mexico International Film Festival 2017 ပွဲတွင် Silver Palm Award ကိုလည်းကောင်း၊၂၀၁၇ ခုနှစ် တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပခဲ့သော International Student Newcomer Woman Film Festival (ISENMA) 2017 ပွဲတွင် Platinum Award ကိုလည်းကောင်း ဆုများရရှိခဲ့သည့်အပြင် အခြားနိုင်ငံတကာ ရုပ်ရှင်ပွဲတော်များတွင်လည်း ပြသရန် ရွေးချယ်ခံရကြောင်း သိရသည်။ ။

“မုဒြာခေါ်သံ” ဇာတ်ကားကို Central Base ရုပ်ရှင်ထုတ်လုပ်ရေးမှ  ထုတ်လုပ်ပြီးဒါရိုက်တာ ခရစ္စတီးနားခီ ရိုက်ကူးကာ သရုပ်ဆောင်ဇဏ်ခီ၊ လှယဉ်ကျေးနှင့်နန်းဝေဝေထွန်းအပါအဝင် အခြားသော သရုပ်ဆောင်များ ပါဝင်သည့် ချစ်ခြင်းမေတ္တာဘွဲ့ ဇာတ်လမ်းတစ်ခုဖြစ်ကြောင်း၊ ၎င်း ဇာတ်ကားတွင်မြန်မာနိုင်ငံမှ မြင်တွေ့ရခဲသော သဘာဝရှုခင်းများကို ရိုက်ကူးထားကြောင်း သိရသည်။

တရုတ်ရွှေကြက်ရာပန်းရုပ်ရှင် ပွဲ တော်ကို China Film Association (CFA) မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်မှစတင်၍ “Golden Rooster Award” နှင့် "Hundred Flower Award" များ ချီးမြှင့်ခဲ့ကြောင်း၊ "Golden Rooster Award” boas တရုတ်နိုင်ငံ၏အမြင့်ဆုံး Professional ဆုဖြစ်ပြီး "Hundred Flower Award” သည်ပရိသတ်အကြိုက် အများဆုံးဖြစ်သည့် ဇာတ်ကားကိုပေးအပ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာမှထုတ်လုပ်သော ရုပ်ရှင်ဇာတ်ကားများကို တစ်နေရာတည်းတွင် ပြသနိုင်ခြင်းနှင့် ယင်းဇာတ်ကား ထုတ်လုပ်သူများ၊ သရုပ်ဆောင်များအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများကို အပြန်အလှန် ဆွေးနွေးဖလှယ်နိုင်ခြင်းများသည် အဆိုပါပွဲတော်၏ ထူးခြားသော ဝိသေသတစ်ခုဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော (၁၉) ကြိမ်မြောက် တရုတ်ရွှေကြက်ရာပန်း ရုပ်ရှင်ပွဲတော်တွင် မြန်မာနိုင်ငံမှ “အတိတ်၏အရိပ်” ရုပ်ရှင်ဇာတ်ကားပြသခဲ့ရာ သရုပ်ဆောင်အောင်သူရက အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့ကြောင်း သိရသည်။

ကျော်စွာ(FDC)

“မုဒြာခေါ်သံ” ဇာတ်ကားမှ ရရှိသောဆုများနှင့် ပြသရန်ရွေးချယ်ခံရ သောပွဲတော်များ

  1. CayFilm Caymanlslands International Film Festival 2017 (Official Selection)
  2. Mexico International Film Festival 2017 (Silver Palm Award)
  3. Canadian Diversity Film Festival 2017 (Official Selection)
  4. CINEBALU Kota Kina bulu International Film Festival 2017 (Official Selection)
  5.  Interational Student Newcomer Woman Film Festival (ISEN MA) 2017 (Platinum Award)
  6.  Scalarama Film Festival UK 2017 (Official Selection)
  7. Phnom Penh Intemational Film Festival 2017 (Official Selection)
  8. Kashmir International Film Festival 2018 (Official Selection)
  9. Filmmaker International Film Festival Marbella, Spain 2018 (Semi Finalist)