မုဒုံမြို့၌ ငလျင်ဘေးအန္တရာယ် သရုပ်ပြ

မုဒုံ၊   ၂၂  ဇန်နဝါရီ

 

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ငလျင်ဘေးအန္တရာယ် သရုပ်ပြလေ့ကျင့်မှုကို ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီက မြို့မ (၃) ရပ်ကွက်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်သည်။

 

အခမ်းအနားသို့ မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ဇော်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးစောစိုးစိုးမြင့်နှင့် မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးအောင်ဗိုလ်ကျော်တို့ တက်ရောက်ခဲ့ပြီး လေ့ကျင့်မှုတွင် မီးသတ်ဝန်ထမ်းများက ငလျင်လှုပ်မှုကြောင့် ပြိုကျပျတ်စီးနေသော အဆောက်အအုံအတွင်းရှိ ပိတ်မိနေသူများအား ဝင်ရောက်ရှာဖွေ ကယ်ဆယ်ခြင်း၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ အဆောက်အအုံ အထပ်မြင့်တွင်  ပိတ်မိနေသူများအား မီးသတ်လှေကားအသုံးပြု၍ ကယ်ဆယ်ခြင်း စသည့် ငလျင်ဘေးအန္တရာယ် သရုပ်ပြလေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)