မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၀)

(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ  ၂၃  ရက်)       

(မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

=============================

(က) မုန်တိုင်းငယ်အခြေအနေ

---------------------------

(၁) ယနေ့မြန်မာစံတော်ချိန်(၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည်  အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီ (Puducherry)မြို့၏ အရှေ့-အရှေ့ တောင်ဘက် ရေမိုင် (၂၈၀) မိုင်ခန့်နှင့် ချင်းနိုင် (Chennai)မြို့၏ အရှေ့တောင်ဘက် ရေမိုင် (၃၀၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ) မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

-----------------------------------------------------------------

 အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် (၁၈:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု (၉.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၀)ဒီဂရီ တွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေ တိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၃၀)နှုန်း ဖြစ်ပါသည်။

(ဂ) နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

-------------------------------------

အဆိုပါ မုန်တိုင်းငယ်(Depression)သည် နောက် (၁၂) နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ် အဖြစ်သို့လည်:ကောင်း၊ နောက် (၂၄) နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ လည်:ကောင်း ရောက်ရှိနိုင်ပြီး၊ အနောက်မြောက်ဘက်သို့ ရွေ့လျားကာ၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu) ကမ်းခြေနှင့် ပူဒူချယ်ရီ(Puducherry) ကမ်းခြေအနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

Crd - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန