မူဆယ်၊ လောက်ကိုင်နှင့် မက်မန်းမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၃ နိုဝင်ဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် မူဆယ်မြို့၊ ဟိုနားရပ်ကွက်နေ လင်ကိန်းချန်၏‌ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း။

အလားတူ ထိုနေ့ မွန်းလွဲ ၃ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့၊ အမှတ်(၃)ရပ်ကွက်နေ ရန်ကျိန်းဖူ၏ အိပ်ခန်းအား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၆၀၀၊ ဘိန်းဖြူ သုည ဒသမ ၀၇ ကီလို၊ အိုက်စ် သုည ဒသမ ၁၅ ကီလိုကိုလည်းကောင်း၊ ထို့အတူ နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီ ၁၅ မိနစ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မက်မန်းမြို့နယ်၊ မက်မန်း-အေးကျန့်ကျေးရွာသွားလမ်းတွင် မသင်္ကာဖွယ် တွေ့ရှိသူ အိုက်ဆမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,၅၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား