မယ်စဲ့မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ငွေကျပ်သန်းပေါင်း ၂၁၁ သန်းကျော်ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်

မယ်စဲ့၊   ၂၂   ဇန်နဝါရီ      

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက်က ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစောနေခလီးက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံအင်ဂျင်နီယာ ဒေါ်သိမ့်တွယ်တာက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် ၂၁၁ ဒသမ ၁၉ သန်းဖြင့် ဂါလန်တစ်သိန်းဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် စက်ယန္တရားများ ထားရှိရန်အတွက် ကားဂိုဒေါင် ၂ လုံး တည်ဆောက်ခြင်းလုပ်ငန်း၊ ပိတောက်လမ်း ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း၊ ဗိုလ်ချုပ်လမ်း ကျောက်စီရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် အောင်မောင်းကုမ္ပဏီ၊ ငွေနှင်းတောင်ကုမ္ပဏီနှင့် သီရီဒေါစဲကုမ္ပဏီတို့က ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်ဝရေးတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစောနေခလီးထံမှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)