နောင်တရားမြို့၌ အာလူးစိုက်တောင်သူများ အာလူးဈေးမကျရေးမျှော်လင့်

နောင်တရား   အောက်တိုဘာ   ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ အာလူးစိုက် တောင်သူများအနေဖြင့် အာလူးဈေးနှုန်း မကျဆင်းရေး မျှော်လင့်လျက်ရှိကြောင်း သိရသည်။

နောင်တရားဒေသတွင် အားလူးကို မိုးကြိုအာလူး၊ စကအာလူး၊ ရေးသွင်းအာလူးအဖြစ် သုံးရာသီ စိုက်ပျိုးလျက်ရှိသည်။ ယခုအချိန်ထွက်ရှိသည့် မိုးကြိုအာလူးသည် S1 တစ်ပိသာ ၁၈၅၀ ကျပ်၊ S2 တစ်ပိသာ ၁၇၀၀ ကျပ်၊  ok တစ်ပိသာ ၁၅၀၀ ကျပ်၊  A1(အဆွဲ)တစ်ပိသာ ၁၁၀၀ ကျပ်ဖြင့် ရောင်းချနေရကြောင်း သိရသည်။

mdn

 

“မြေဩဇာဈေး၊ ကုန်ဈေးနှုန်းတွေ မြင့်မားတဲ့အတွက် အရင်နှစ်အာလူးဈေးနဲ့ ယှဉ်ရင် ပုံမှန်ဈေးလောက်ပါဘဲ။ လုပ်သားခက တစ်ရက် ငါးထောင်ပေးရတယ်။ မြေဩဇာဖိုး၊ ဆေးဖိုး၊ မျိုးဖိုးနဲ့ အကုန်တွက်ရင် အာလူးတစ်ပိသာ ၁၀၀၀ ရောင်းရရင် ရှုံးပါတယ်၊ အခုလို တစ်ပိသာ ၁၅၀၀ ကျော်နဲ့ ရောင်းရတာတောင် အကျိုးမြတ်နည်းသေးတယ်။ နှစ်ထောင်လောက် ရောင်းရမှ တောင်သူတွေအတွက် အမြတ်ပိုကျန်မှာပါ” ဟု ထီရီးကရင်ရွာမှ အာလူးစိုက် တောင်သူတစ်ဦးက ပြောပြသည်။

ခွန်အောင်(နောင်တရား)