ငဖဲမြို့နယ်၌ Faciliy Quarantine  စောင့်ကြည့်ပြည်သူများအား Mask များထောက်ပံ့ပေးအပ်

ငဖဲ  ၄  ဧပြီ

 

မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် Faciliy Quarantine  ဆောင်ရွက်ထားသော ပြည်သူများအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ထောက်ပံ့သော Mask များကို ယနေ့ နံနက် ၁၀ နာရီက  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီအဖွဲ့မှ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် ငဖဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်၊ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဝင်များက အထက-ငဖဲနှင့် အထက-ပဒါန်းတို့တွင် Faciliy Quarantine   ဆောင်ရွက်ထားသော ပြည်တွင်းပြည်ပမှ ပြန်လည်ရောက်ရှိလာသူများအတွက် Mask ၁၃၂၀ ခုကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 

 

ငဖဲမြို့နယ်တွင် ပြည်ပမှပြန်ရောက်ရှိလာသူများအား ထက-ငဖဲတွင် ၄၅ ဦး၊ အထက-ပဒါန်းတွင် ၅၈ ဦးထားရှိရာ ကျန်းမာရေး စစ်ဆေးမှုများ၊ မြို့နယ်အဆင့် ကော်မတီအဖွဲ့အစည်းများက နေထိုင်စားသောက်ရေးအတွက် စီစဉ်ထားရှိမှုများကို နေ့စဉ်ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

မယု(ငဖဲ)