နီကာရာဂွာ၌  ခရီးသည်တင် ထရပ်ကား တိမ်းမှောက်မှုကြောင့် ၁၇ ဉီးသေ၊ ၂၅ ဉီး ဒဏ်ရာရ

၂၄ နိုဝင်ဘာ

 

 

တနင်္လာနေ့ အတွင်းက ဝါလာလာမြို့နှင့် ၁၅ ကီလိုမီတာခန့် ကွာဝေးသည့် နီကာရာဂွာရှိ တောင်တန်းအနီး ဝန်းကျင်ဒေသတွင် ခရီးသည်တင် ထရပ်ကားတစ်စီး လမ်းဘေးသို့ ထိုးကျခဲ့ပြီး ၁၇ ဉီးသေဆုံးခဲ့ပြီး  ၂၅ ဉီးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

 

 

သေဆုံးသူများထဲတွင် အမျိုးသမီး ၁၂ ဉီးနှင့် အမျိုးသား ငါးဉီး ပါဝင်ကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြထားသည်။

 

 

အဆိုပါ မတော်တဆမှုသည် ဘရိတ်ချွတ်ယွင်းခြင်းကြောင့် ဖြစ်ကြောင်း ဝါလာလာမြို့တော်ဝန် အာမန် ဘာဂတ်က အစိုးရ အသံလွှင့်ဌာနသို့ ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ခရီးသည်တင် ထရပ်ကားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် စာရင်းကိုမူ တိတိကျကျ မသိရှိရသေးပေ။

 

 

မကြာသေးမီက နီကာရာဂွာနိုင်ငံ၌ အီတာနှင့် အိုတာမုန်တိုင်းများ တိုက်ခတ်ခဲ့သဖြင့် တိုင်းပြည်အတွင်း ရေကြီးမှုနှင့် မြေပြိုခြင်းများကြောင့် လူ ၂၀ သေဆုံးခဲ့ပြီးနောက်  ပျက်စီးဆုံးရှုံးမှုများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့သည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်

a1