နိုင်ငံတော်က အခြေခံလူတန်းစား အိမ်ထောင်စုများကို ငွေကြေးထောက်ပံ့ခဲ့ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက အိမ်ထောင်စု ၂၂၆ စုအတွက် ထုတ်ပေးခြင်းမရှိသဖြင့် အရေးယူထား

နေပြည်တော် ၂၅ စက်တင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ မိဿလင်ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ထွန်းကျော် (၄၅)နှစ်အား စက်တင်ဘာ ၂၃ ရက် ည ၇ နာရီ မိနစ် ၅၀ က ရေကြည်မြို့မရဲစခန်း (ပ)၃၃၅/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရေကြည်မြို့နယ်၊ မိဿလင်ကျေးရွာနေ အောင်ထွန်းကျော် သည် ဇူလိုင် ၁၇ ရက်တွင် နိုင်ငံတော်က အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀,၀၀၀ နှုန်းဖြင့် ထောက်ပံ့ခဲ့ရာတွင် မိဿလင်ကျေးရွာအုပ်စုရှိ အိမ်ထောင်စု ၄၃၉ စုအတွက် ငွေကျပ် ၈,၇၈၀,၀၀၀ ထုတ်ပေးခဲ့သော်လည်း မိဿလင်ကျေးရွာအုပ်ချုပ်ရေးမှူး အောင်ထွန်းကျော်က အိမ်ထောင်စု ၂၁၃ စုကိုသာ ငွေထုတ်ပေးခဲ့ပြီး အိမ်ထောင်စု ၂၂၆ စုအတွက် ငွေ ၄,၅၂၀,၀၀၀ ကျပ်ကို ထုတ်ပေးခြင်းမရှိသောကြောင့် အမှုဖွင့်အရေးယူထားခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။ 

 

ရဲပြန်ကြား