ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပ

ညောင်လေးပင် ၁၉ ဖေဖော်ဝါရီ 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် လူငယ်ရေးရာကော်မတီမှ ဦးဆောင်ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေ‌‌ဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီက ညောင်လေးပင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်ပသည်။

 

5046

 

အခမ်းအနားတွင် မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြင့်သန်း (ညောင်လေးပင်)က အဖွင့်အမှာစကားပေကြားပြီး မြို့နယ်လူငယ်ရေးရာကော်မတီ အဖွဲ့ဝင် မြို့နယ်စီမံကိန်းဦးစီးမှူး ဒေါ်နန်းစန်းရီက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး မနွယ်နီလှိုင်က ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူများက ညောင်လေးပင်မြို့ အာဇာနည်လမ်းထိပ်ရှိ ခင်းကျင်းပြသထားသော စာအုပ်အရောင်းဆိုင်များတွင် စာအုပ်များ‌ လေ့လာဖတ်ရှုဝယ်ယူအားပေးခဲ့ကြသည်။

 

0940

 

အဆိုပါ စာအုပ်ဈေးရောင်းပွဲတော်တွင် သုတ၊ ရသ၊ ပုံပြင်၊ ဘာသာရေး၊ ဘာသာပြန်၊ ကလေးစာပေ၊ သင်ထောက်ကူ၊ အတ္ထုပ္ပတ္တိ စသည့် စာအုပ်များကို အဖိုးနှုန်းမှန်ကန်စွာဖြင့် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက်အထိ ၅ ရက်တိုင်တိုင် နံနက် ၉ နာရီမှ ည ၉ နာရီအထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း(ညောင်လေးပင်)