ညောင်ဦးခရိုင်၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် PPE ဝတ်စုံများနှင့် Mask များလှူဒါန်း

ညောင်ဦး   ၂၉  မတ် 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့် လုပ်ငန်းကော်မတီသို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ရေးသုံးပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ညောင်ဦးခရိုင်အဆင့် လုပ်ငန်းကော်မတီသို့ မန္တလေးမြို့မှ သီရိပျံချီ ဦးတင်ငွေ၊ ဒေါက်တာခင်သီတာ မိသားစုမှ ညောင်ဦးခရိုင်အတွက် PPE ဝတ်စုံ ၁၀ စုံ၊ Mask ၂၀၀၀၊ ငါ့သရောက်မြို့အတွက် PPE ဝတ်စုံ ၁၀ စုံ၊ Mask ၃၀၀၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအတွက် PPE  ဝတ်စုံ ၃ စုံ၊ Mask ၂၀၀ နှင့် ဦးကျော်စိုး ဦးစီးအရာရှိ(လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန)က PPE ဝတ်စုံ ၁၀ စုံ၊ ညောင်ဦးမြို့  ၂၀၀၁ ခုနှစ် ကျောင်းသား ကျောင်းသူဟောင်းများက PPE ၁၅ စုံ၊ ဦးမင်းဇော် မိသားစုမှ ငွေကျပ် နှစ်သိန်း လှူဒါန်းရာ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်မြင့်ခိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်တို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း