နယူးဇီလန်နိုင်ငံတွင် ဘတ်စ်ကားတိမ်းမှောက် တရုတ်ခရီးသွား ၂၀ ဦး ဒဏ်ရာရ

၂၁ ဇန်နဝါရီ

 

နယူးဇီလန်နိုင်ငံ တောင်ဘက်ကျွန်းရှိ  Glenorchy နှင့် Queenstown မြို့ကြားရှိ သာယာလှပသည့် လမ်းပေါ်တွင် ဘတ်စ်ကားတစ်စီး ယနေ့ တိမ်းမှောက်ခဲ့ရာ တရုတ်ခရီးသွား ၂၀ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

 

6

 

အဆိုပါ ဒဏ်ရာရသူများထဲတွင် တရုတ်ခရီးသွားအုပ်စု ပါဝင်ကြောင်း နယူးဇီလန်နိုင်ငံရှိ တရုတ်သံရုံးက အတည်ပြုပြောကြားခဲ့သည်။

 

ဒဏ်ရာပြင်းထန်သူနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

 

အရေးပေါ်လူနာတင်ယာဉ်၊ ကယ်ဆယ်ရေး ရဟတ်ယာဉ်များ နှင့် ရဲကားများ ထိုနေရာသို့ အမြန်ရောက်ရှိလာကာ  လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။ ယခုချိန်ထိ ထိုယာဉ်မတော်တဆဖြစ်ပွားမှုမှ သေဆုံးသူမရှိသေးဟု ဖော်ပြထားသည်။

 

ခရစ်ချက်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်သည် ဆေးရုံတင်ထားသော ဒဏ်ရာရသူများကို သွားရောက်ကြည့်ရှုပြီး ၎င်းတို့ကို ကူညီရန်အတွက် လူများ စေလွှတ်ပေးခဲ့သည်။

 

65

 

Glenorchy မြို့သည် နယူးဇီလန်နိုင်ငံတွင် လူကြိုက်အများဆုံး ခရီးသွားနေရာ တစ်ခု ဖြစ်ပြီး သာယာလှပသော မြို့လေးတစ်မြို့ ဖြစ်ကာ တောင်ဘက်ကျွန်းရှိ Queenstown မြို့မှ ၄၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို