ဩစတြေးလျ၌ ပုံနှိပ်သတင်းစာ အစောင် ၆၀ ရပ်နားမည်

ဆစ်ဒနီ ၃ ဧပြီ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားနေမှုကြောင့် ကြော်ငြာ ကဏ္ဍတွင် ဝင်ငွေကျဆင်းနေသဖြင့် ဒေသတွင်းရှိ သတင်းစာ အစောင် ၆၀ ကို ထုတ်ဝေမှုရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ရူပါဒ် မားဒေါ့စ်၏ ဩစတြေးလျသတင်းမီဒီယာကော်ပိုရေး ရှင်းက ဧပြီ ၁ ရက်တွင် ကြေညာသည်။ နယူးဆောက် ဝေးလ်၊ ဗစ်တိုးရီးယား၊ ကွင်းစ်လန်းနှင့်ဩစတြေးလျတောင် ပိုင်းပြည်နယ်တို့မှ သတင်းစာများကို ပုံနှိပ်ထုတ်ဝေခြင်း ရပ်နားပြီး အွန်လိုင်းတွင် ပြောင်းလဲဖော်ပြသွားမည်ဖြစ်ကြောင်း အထက်ပါသတင်းမီဒီယာကော်ပိုရေးရှင်းက ပြော ကြားသည်။ ယခုဆုံးဖြတ်ချက်ကို မိမိတို့အနေဖြင့် အလေး အနက်မစဉ်းစားဘဲ ဆောင်ရွက်ခြင်းမဟုတ်ကြောင်း News Cop Australiasia၏ အမှုဆောင်ဥက္ကဋ္ဌ မိုက်ကယ်မီလာက ပြောကြားသည်။ “ယခုဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ် ရောဂါကြောင့် မမျှော်မှန်းထားတဲ့ စီးပွားရေးဆိုင်ရာဖိအား တွေရှိလာပြီး ကျွန်တော်တို့အနေနဲ့ အလုပ်အကိုင်တွေကို တတ်နိုင်သလောက် ထိန်းထားနိုင်အောင်ဆောင်ရွက်ခဲ့ရ ပါတယ်ဟု ၎င်းကပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်ကာလမှာ သတင်း | စာတွေရဲ့ ကြော်ငြာဝင်ငွေကျဆင်းခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ပုံနှိပ်မီဒီယာအသိုင်းအဝိုင်းကိုလည်း လုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့အထိ ဖိအားတွေဖြစ်ပေါ်ခဲ့ရပါတယ်ဟု ၎င်းက ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန် တွင် သြစတြေးလျရှိ မီဒီယာလုပ်ငန်းအများစုမှာ အွန်လိုင်း မီဒီယာကဏ္ဍသို့ ကူးပြောင်းရန်ကြိုးပမ်းခဲ့ကြသည်။ မီဒီယာ လုပ်ငန်းအများစုမှ လုပ်ငန်းများရပ်နားကြောင်း ကြေညာ ချက်များထုတ်ပြန်အပြီး ဩစတြေးလျသတင်းမီဒီယာကော် ပိုရေးရှင်း၏ ယခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ကိုးကား-အေအက်ဖ်ပီ၊ ဘာသာပြန်-စိုးသူရ