Online Fitness Dance ပြိုင်ပွဲဝင်သူများအား အင်္ကျီများ ထောက်ပံ့

မိုးညှင်း ၊ ၂၂  ဇန်နဝါရီ

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျင်းပသည့် Online Fitness Dance ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် မိုးညှင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန အောက်ရှိ မြို့နယ် သုံးမြို့နယ်မှ  ပြိုင်ပွဲဝင် ၁၅၀ အတွက်  အင်္ကျီများ ထောက်ပံ့ပေးအပ်ပွဲကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲပိုင်းက ခရိုင်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်မာက မြို့နယ်အလိုက် ပြိုင်ပွဲဝင်အင်္ကျီများနှင့် ဆောင်းဘောက် တစ်လုံးစီကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးများက လက်ခံရယူကြသည်။

 

mdn

 

ထောက်ပံ့မှုများအနေဖြင့် မိုးညှင်းမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနအတွက် ပြိုင်ပွဲဝင်အင်္ကျီ ၈၅ ထည်၊ မိုးကောင်းနှင့် ဖားကန့်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနများအတွက် ပြိုင်ပွဲဝင်အင်္ကျီ အထည် ၃၀ စီနှင့် နည်းပြများအတွက် ငါးထည်တို့ကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

 

ဆက်လက်၍ မိုးညှင်းမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က မြို့နယ်အတွင်းရှိ Online Fitness Dance ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင် အားကစားသမား ၈၅ ဦးနှင့် နည်းပြ ငါးဦးအတွက် ပြိုင်ပွဲဝင်အင်္ကျီများ ထပ်ဆင့်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်သူများက သရုပ်ဖော်အကများဖြင့် ဖျော်ဖြေခဲ့ကြောင်း သိရသည်။

 

 ကျော်ကျော်ထွေး(မိုးညှင်း)