ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၁၀ ဒီဇင်ဘာ

 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဒီဇင်ဘာ ရက်မှ ရက်တို့တွင် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သိုင်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်း/ ပျဉ်းကတိုးခွဲသား (၄၄ ဒသမ ၇၂၂၄)တန်အား ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်းနှင့် မြောင်သာချောင်းနေရာတို့၌ တရားမဝင်ကျွန်း/ ပျဉ်းကတိုး/ နှောသစ်/ ခွဲသား/ ခွဲခြမ်း (၈၂ ဒသမ ၈၅၅၂)တန်၊ တရုတ်နီ(၂၅)ကောင် အင်ဂျင်()လုံးပါ သစ်စက်ဆက်စပ်ပစ္စည်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဝန်းသိုမြို့နယ်၊ တပ်လွင်ကြိုးဝိုင်း အကွက်အမှတ်()အတွင်းနှင့် နမ်းခမ်းအပတောအတွင်း နေရာတို့မှ တရားမဝင်ချန်ချိုင်း (၂၅)ကောင် အင်ဂျင်()လုံးနှင့် သစ်စက်ဆက်စပ်ပစ္စည်းများနှင့်အတူ တရားမဝင် ကျွန်းသစ်/ခွဲသား (၁၁ ဒသမ ၆၈၂၀)တန်အားလည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးဘေး၊ မိုင်တိုင်အမှတ် (၁၃၁/-)ကြား၊ ဒုဌဝတီစားသောက်ဆိုင်အနီး ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၃ ဒသမ ၆၈၅၆)တန်အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

 

ထို့ပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရွာငံမြို့နယ်၊ ညောင်ကုန်းကျေးရွာအနီး၊ မိုင်တိုင်အမှတ် (၅၁/)နှင့် (၅၁/)အကြားနေရာ၌ ယာဉ်ပေါ်မှ တရားမဝင်လင်းမြွေ(အရှင်) (၈၅၉)ကောင်နှင့် လင်းမြွေ(အသေ) (၄၆)ကောင် စုစုပေါင်း(၉၀၈)ကောင်နှင့်အတူ တရားခံ()ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအားဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း(နေပြည်တော်)