ပေါ်တူဂီအသင်း ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်ပြီးနောက် နိုင်ငံတကာသွင်းဂိုး ၁၀၀ ပြည့်သွင်းယူရန် စီရိုနယ်လ်ဒိုသန္နိဋ္ဌာန်ချ

၁၉ နိုဝင်ဘာ

တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ပေါ်တူဂီအသင်း ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် နိုင်ငံတကာသွင်းဂိုး ၉၉ ဂိုးအထိ ရှိလာခဲ့တာကြောင့် နိုင်ငံသွင်းဂိုး ၁၀၀ပြည့် သွင်းယူရန် သန္နိဋ္ဌာန်ချလိုက်ပါတယ်။ ။

စီရိုနယ်လ်ဒို ဦးဆောင်လာတဲ့ ပေါ်တူဂီအသင်းဟာ နိုဝင်ဘာ ၁၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ လူဇင် တ်သင်းနဲ့ ပွဲစဉ်မှာ နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ပွဲကစားချိန် ၃၉ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်နဲ့ ၈၆ မိနစ်မှာ စီရိုနယ်လ်ဒိုတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

စီရိုနယ်လ်ဒိုအနေနဲ့ လက်ရှိမှာ နိုင်ငံတကာသွင်းဂိုး ၉၉ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာကြောင့် နိုင်ငံတကာ သွင်းဂိုးကို ၁၀၉ ဂိုးအထိ စံချိန်တင်သွင်းယူထားတဲ့ အီရန်ဂန္တဝင်ကစားသမား အလီဒေအီရဲ့ စံချိန်ကိုမီဖို့ ၁၀ ဂိုးသာ လိုတာဖြစ်ပါတယ်။ နိုင်ငံတကာပွဲစဉ်တွေမှာ ပေါ်တူဂီအသင်းအတွက် ဟက်ထရစ်သွင်းဂိုး ကိုးကြိမ်အထိသွင်းယူထားနိုင်ခဲ့တဲ့ စီရိုနယ်လ်ဒိုဟာ နိုင်ငံတကာ သွင်းဂိုးသွင်းယူနိုင်မှုမှာ ဒုတိယအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်တာကြောင့် နိုင်ငံတကာသွင်းဂိုး အများဆုံးသွင်းယူနိုင်တဲ့ ကစားသမား ဖြစ်လာဖို့လည်း ဆန္ဒရှိနေတာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းဟာ ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ဖြစ်သလို ဥရောပထိပ်တန်းအသင်းအတော်များများ ခြေစစ်ပွဲ အောင်မြင်နေချိန်မှာ နောက်တစ်ဆင့်တက်ဖို့ အခက်အခဲဖြစ်နေပြီး လူဇင်ဘတ်ကို အနိုင်ရရှိခဲ့လို့သာ နောက်တစ်ဆင့် တက်ခဲ့တာဖြစ်ပါတယ်။

လူဇင်ဘတ်အသင်းနဲ့ ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ အကြိတ်အနယ်ကစားခဲ့ရတာဖြစ်ပြီး အိမ်ကွင်း ခြေစွမ်းပိုင်း ကောင်းမွန်တဲ့ လူဇင်ဘတ်ကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ပေါ်တူဂီအသင်းဟာ ရမှတ် ၁၇ မှတ်နဲ့ ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်

 

hi-res-0596df130b275900cfcbf2bd81659ee3_crop_north