ဖားကန့်မြို့အနီး ၄ ဒသမ ၃ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

နေပြည်တော်၊ ၁၇ ဇန်နဝါရီ

 

ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီ (၂၉) မိနစ်ခန့်တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၆၉)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဖားကန့်မြို့၏ အရှေ့မြောက်ဘက်(၂၄)မိုင်ခန့်အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

 

အဆိုပါ ငလျင်သည် မြောက်လတ္တီတွဒ် (၂၅.၉၁)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆.၄၆)ဒီဂရီ၊ အနက်(၃)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း တိုင်းထွာရရှိသည်။

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန