ဖားကန့်မြို့နယ် စွန့်ပစ်မြေစာပုံတွင် ကျောက်ရှာဖွေသူတစ်ဦး ကျောက်တုံးထိမှန်သေဆုံး 

ဖားကန့်  ၄  ဧပြီ

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ယနေ့ နံနက်ပိုင်းက စွန့်ပစ်မြေစာပုံတွင် ကျောက်ရှာဖွေနေသူတစ်ဦး ကျောက်တုံးထိမှန် သေဆုံးခဲ့ကြောင်း ဖားကန့်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၉ နာရီခန့်က ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ အောက်မက်လင်ချောင်ကျေးရွာ အနီးရှိ စွန့်ပစ်မြေစာပုံတွင် အမြင့်ပေ ၂၀၀ ခန့်မှ အလေးချိန် ၃၀ ပိဿာခန့်ရှိ ကျောက်တုံးတစ်တုံး ပြုတ်ကျရာမှ မြေစာပုံအောက်ခြေတွင် ရေမဆေးကျောက်ရှာဖွေနေသူ ဖားပြင်ကျေးရွာနေ ဦး၀င်းမောင်(၄၀)နှစ်အား ထိမှန်ကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ ဖားကန့်မြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)