ဖီဂျီမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရှိတာ ၇၈ ရက် ရှိပြီးမှ ဗိုင်းရပ်စ်ပိုး ပထမဦးဆုံး ပြန်တွေ့ရှိ

၆ ဇူလိုင်

ဖီဂျီနိုင်ငံမှာ ဗိုင်းရပ်စ်ပိုး မတွေ့ရှိတာ ၇၈ ရက်ရှိပြီးမှ ပထမဦးဆုံး ဗိုင်းရပ်စ်ပိုးပြန်တွေ့ရှိကြောင်း ဝန်ကြီးချုပ်က အတည်ပြု ပြောကြားပါတယ်။

 

အိန္ဒိယနိုင်ငံကနေ ပြန်လည်ရောက်ရှိလာတဲ့ အသက် ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတာဖြစ်ကြောင်း၊ နိုင်ငံကို ပြန်လည်ရောက်ရှိလာသူတွေကို အစိုးရက ထောက်ပံ့ပေးထားတဲ့ သီးခြားစောင့်ကြည့် ဆောင်မှာ ထားရှိကြောင်းပါ ဝန်ကြီးချုပ်က ပြောပါတယ်။

 

ဖီဂျီကို နိုင်ငံခြားမှ ပြန်လာတဲ့သူတိုင်း ၁၄ ရက်တိတိ သီးခြားစောင့်ကြည့်ဆောင်မှာ ထားရှိကြောင်း သိရပါတယ်။

 

ကျန်းမာရေးဝန်ကြီးက ဖီဂျီနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကင်းစင်တဲ့ နိုင်ငံအဖြစ် ကြေညာထားပြီးနောက်ပိုင်း ဗိုင်းရပ်စ်ပိုး ပြန်လည်တွေ့ရှိတဲ့အတွက် အံ့အားသင့်မှုမရှိကြောင်း၊ ကပ်ရောဂါက အချိန်မရွေးကိုယ့်ဆီ ရောက်လာနိုင်ကြောင်း သတိပေးပြောကြားပါတယ်။

 

တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဖီဂျီမှာ ဗိုင်းရပ်စ်ပိုး အခုတွေ့ရှိသူဟာ ၁၉ ယောက်မြောက်ဖြစ်ပြီး နောက်ထပ် ပိုးတွေ့မယ့်သူတွေ ရှိလာနိုင်ကြောင်းလည်း ပြောပါတယ်။

MDN

ကိုးကား - AFP