ဖီလစ်ပိုင်နိုင်ငံတွင် ကူးတို့သင်္ဘောမှောက် လူ ၅၉ ဦး ကယ်ဆယ်နိုင်

၇ နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံ ဆီဗူးကျွန်းမှာ ကူးတို့သင်္ဘောမှောက်ရာ လူ ၅၉ ဦးကို ကယ်ဆယ်နိုင်ပြီး သုံးဦးကတော့ ကမ်းခြေကို ကူးသွားနိုင်ကြောင်း သိရပါတယ်။

 

“ကယ်ဆယ်ရေးက ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်တယ်။ သင်္ဘောပေါ်တဲ့ လူတိုင်း လုံခြုံတဲ့အထိ ကယ်ဆယ်ရေး ဆက်လက် လုပ်ဆောင်သွားမယ်။ သင်္ဘောကတော့ မြှုပ်သွားပြီး ရှာလို့မတွေ့တော့ဘူး” လို့ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

 

သင်္ဘောပေါ်မှာ လိုက်ပါတဲ့ စာရင်းအရ ခရီးသည်နဲ့ သင်္ဘောဝန်ထမ်း စုစုပေါင်း ၆၀ ဦး ပါရှိကြောင်း၊ အခုရရှိတဲ့ စာရင်းက အပြည့်အစုံ ဖြစ်မဖြစ်တော့ မသိဘူးလို့ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။

 

နစ်မြုပ်သွားတဲ့ စီရာဂျေအိုပရင့်စက်စ် သင်္ဘောက ဝန်ထမ်းက ဆီဗူးရောက်ခါနီးမှာ သင်္ဘော ဒုက္ခရောက်နေကြောင်း သတင်းပို့ခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP