ဖိလစ်ပိုင်တောင်ပိုင်းမှာ အင်အားပြင်းငလျင် ထပ်မံလှုပ်ခတ်

၃၁ အောက်တိုဘာ

 

 

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ အင်အားပြင်း ငလျင်တစ်ခု ဒီကနေ့ လှုတ်ခတ်ခဲ့ပါတယ်။ ကနဦး သတင်းအရ အနည်းဆုံး လူ ၄ ဦး သေပြီး ၈ ဦး ဒဏ်ရာရကြောင်း သိရပါတယ်။ ငလျင်ပြင်းအားဟာ  ရစ်(ခ်)တာ စကေး ၆ ဒသမ ၅ ရှိကြောင်း အမေရိကန် ပထဝီဝင် သုတေသနဌာနက ပြောပါတယ်။ အခုပြင်းအားဟာ ဆူနာမီ ဖြစ်နိုင်ချေ မရှိကြောင်း ဆက်ပြောပါတယ်။

 

 

ငလျင်ဗဟိုကနေ ၂၈ မိုင် အတွင်းရှိ ဒါဗာအိုမြို့ရှိ ကွန်ဒို အဆောက်အအုံ တစ်လုံးရဲ့ ပြိုကျပျက်စီးမှုများကြောင်း၊ အနည်းဆုံး လူ ၈ ဦး ဒဏ်ရာရရှိကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့က ပြိုကျခဲ့တဲ့ အဆောက်အအုံများနဲ့ နေအိမ်များ အတွင်းက ပိတ်မိနေသူတွေ ကယ်ဆယ်နေကြောင်း ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ပြောပါတယ်။

 

 

တခြားနေရာ တစ်ခုမှာလည်း ဟိုတယ်တစ်လုံးပြိုကျရာ ကယ်ဆယ်ရေး လုပ်ဆောင်ပြီးကြောင်း ဆက်ပြောပါတယ်။

 

 

အောက်တိုဘာ ၁၆ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်အပြီးမှာ ငလျင်ငယ်ပေါင်း ရာချီပြီး လှုပ်ခတ်ခဲ့တဲ့အတွက် မင်ဒါနာအိုကျွန်းမှာ နေထိုင်တဲ့ မိသားစုဝင် တော်တော်များများဟာ ယာယီစခန်းတွေမှာ ဆက်လက် နေထိုင်ဆဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး ၅၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။

 

 

ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်ဇုန် "Ring of Fire" အတွင်း တည်ရှိတဲ့အတွက် ငလျင်မကြာခဏ လှုပ်လေ့ ရှိပါတယ်။

 

 

MDN

ကိုးကား - AFP