ဖိလစ်ပိုင်တောင်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် လူ ၆ ဦး သေဆုံး

၃၀ အောက်တိုဘာ

 

 

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းမှာ အင်္ဂါနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာ စကေး ၆ ဒသမ ၆ ရှိ ငလျင်ကြောင့် လူ ၆ ဦး သေဆုံးပြီး အနည်းဆုံး ၅၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

 

 

တချို့နေရာတွေမှာ ငလျင်လှုပ်ခတ်ချိန်ဟာ တစ်မိနစ်အထိ ကြာခဲ့ရာ အထပ်မြင့် အဆောက်အအုံတွေ၊ စာသင်ခန်းတွေနဲ့ နေအိမ်တွေပါ ပျက်စီးပါတယ်။

 

 

အင်အား ၆ ဒသမ ၆ ပြင်းအားရှိ ငလျင်လှုပ် အပြီးမှာ ငလျင်ငယ်များ ဆက်လက် လှုပ်ခတ်ရာတွင် အင်အား ၅ ဒသမ ၈ ပြင်းအားရှိ ငလျင်ပါ လှုပ်ခဲ့ကြောင်း အမေရိကန် ပထဝီဝင် သုတေသနဌာနက ပြောပါတယ်။

 

 

ငလျင်လှုပ်ခဲ့တဲ့နေ့ဟာ ကျောင်းဖွင့်ရက်ဖြစ်တဲ့အတွက် မူလတန်းကျောင်း ပြိုကျတဲ့အတွက် ကျောင်းသား ခုနှစ်ဦးနဲ့ ဆရာဆရာမများ ဒဏ်ရရှိခဲ့ပါတယ်။

 

 

ဒေသတွင်းရှိ မြို့တော်ခန်းမပါ ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဒေသခံတွေက အဆောက်အအုံတွေ ပြိုကျမှာ စိုးရိမ်တဲ့အတွက် အဆောက်အအုံများအတွင်း ပြန်လည်နေထိုင်ဖို့ ငြင်းဆိုပါတယ်။ စာသင်ကျောင်းများကလည်း ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပိတ်ထားကြောင်း သိရပါတယ်။

 

 

ဖိလစ်ပိုင်နိုင်ငံဟာ ငလျင်ဇုန် "Ring of Fire" အတွင်း တည်ရှိတဲ့အတွက် ငလျင် မကြာခဏ လှုပ်လေ့ ရှိပါတယ်။

 

 

MDN

ကိုးကား - AFP