ဖိလစ်ပိုင်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှု ၅၆၂၅၉ အထိ မြင့်တက်

၁၃ ဇူလိုင်

 

 

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရမှု ၂၁၂၄ ရှိပြီး ကူးစက်ခံရမှု ၅၆၂၅၉ ထိ မြင့်တက်လာကြောင်း  ဖိလစ်ပိုင် ကျန်းမာရေးဦးစီးဌာန(DOH) က သတင်းထုတ်ပြန်ထားသည်။

 

 

ကျန်းမာရေး ထပ်မံကောင်းမွန်လာသူ ၂၀၀၉ ဦး ရှိပြီး ကျန်းမာရေး ကောင်းမွန်လာသူ အရေအတွက် ၁၆၀၄၆ ဦး ရှိလာသည်ဟု DOH က ယနေ့ ပြောကြားသည်။

 

 

ရောဂါကူးစက်ခံရမှုကြောင့် ထပ်မံသေဆုံးသူ ၁၆၂ ဦး ရှိပြီး သေဆုံးသူပေါင်း ၁၅၃၄ ဦး အထိ ရှိလာသည်ဟု DOH က ထပ်လောင်းပြောကြားသည်။

 

 

လူအုပ်စု ကူးစက်မှု လျော့နည်းစေရန် လတ်တလော ကူးစက်ခံရများ နေအိမ်တွင် သီးခြားနေထိုင်ခြင်းကို တားမြစ်ထားကြောင်း အစိုးရက ယမန်နေ့က ပြောကြားခဲ့သည်။

 

 

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ ပူးတွဲဉက္ကဌ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ကာလိုနိုဂရာလတ် က ယခုအချိန်မှ စတင်ကာ အတည်ပြု ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများသည် သီးသန့်ခွဲခြား ကန့်သတ်ထားရာ နေရာများတွင် နေထိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

 

ထို့အပြင် ကူးစက်ခံရသူ အားလုံးသည် သီးခြားကန့်သတ် နေရာများတွင် ၁၄ ရက်ကြာ မဖြစ်မနေ နေထိုင်ရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို