ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆) ဆက်လက်ကျင်းပမည်

ရန်ကုန် ၂၄ ဇန်နဝါရီ

၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၆) ကို ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ အမျိုးသားအားကစားပြိုင်ပွဲရုံ-၂ လှိုင်၌ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

ပွဲစဉ် (၁၆) အဖြစ် နံနက် ၈ နာရီခွဲတွင် Do Do Ko Ko အသင်းနှင့် ဖူဆယ်ချစ်သူအသင်း၊ နံနက် ၁၀ နာရီတွင် လက်ဝဲသုန္ဒရအသင်းနှင့် မြို့မ JY အသင်း၊ နံနက် ၁၁ နာရီခွဲတွင် Winner အသင်းနှင့် MFF ယူ-၁၉ အသင်း၊ မွန်းလွဲ ၁ နာရီတွင် Dream Team နှင့် VUC အသင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် AMM Brothers အသင်းနှင့် GV အသင်း၊ ညနေ ၄ နာရီတွင် On Doctor အသင်းနှင့် MIU အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ နှစ်ပွဲဆက်အနိုင်ရထားသည့် AMM Brothers အသင်းနှင့် တတိယနေရာမှ GV အသင်းတို့၏ တွေ့ဆုံမှုမှာ စိတ်ဝင်စားစရာကောင်းနေပြီး လက်ရှိချန်ပီယံ MIU အသင်းမှာမူ အဆင့် (၅) နေရာမှ On Doctor အသင်းနှင့် ကစားရမည်ဖြစ်သည်။

ပွဲစဉ် (၁၅) အပြီးတွင် VUC နှင့် MIU အသင်းတို့က ၄၃ မှတ်စီဖြင့် ထိပ်ဆုံးတွင် အပြိုင်ဖြစ်နေပြီး ဂိုးကွာခြားချက်ဖြင့် VUC အသင်းက ဆက်လက်ဦးဆောင်ကာ MIU အသင်းက ဒုတိယနေရာတွင် ရပ်တည်နေသည်။ GV အသင်းက ၃၉ မှတ်၊ Winner အသင်းက ၂၈ မှတ်၊ On Doctor အသင်းက ၂၅ မှတ်၊ မြို့မ JY အသင်းက ၂၁ မှတ်၊ MFF ယူ-၁၉ အသင်းက ၁၉ မှတ်၊ Do Do Ko Ko နှင့် Dream Team အသင်းတို့က ၁၅ မှတ်စီ၊ AMM Brothers အသင်းက ရှစ်မှတ်၊ လက်ဝဲသုန္ဒရအသင်းက ခြောက်မှတ်၊ ဖူဆယ်ချစ်သူအသင်းက လေးမှတ် ရရှိထားသည်။

သတင်း-ရဲရင့်ရှိုင်း