ဖယ်ခုံနှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၂ နိုဝင်ဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီတွင် ဖယ်ခုံမြို့နယ်၊ လွယ်ပေါ - နားဟီးကျေးရွာသွား ကားလမ်း၊ နားဟီးကျေးရွာ၊ လွယ်မိန်းခူတောင် (ဒေသအခေါ်) အနီးတွင် ကော်ပုံးထမ်းလာသည့် အမျိုးသားတစ်ဦးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ကော်ပုံးအားပစ်ချ၍ ပြောင်းခင်းအတွင်း ထွက်ပြေးလွတ်မြောက်သွားသဖြင့် ကော်ပုံးအားစစ်ဆေးရာ ဘိန်းစိမ်း ၁၄ ကီလိုကိုလည်းကောင်း။

အလားတူ ယင်းနေ့ နံနက် ၇ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် လားရှိုးမြို့နယ်၊ လားရှိုး - မိုင်းယော်သွားလမ်း၊ အေတီတံတားအနီးတွင် အိုက်ရီမောင်းနှင်ပြီး မအေးညွန့် လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်ရှာဖွေရာ ၎င်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား