ပလောက် ၂၇ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ ပြင်ဘုငယ်ကျေးရွာအုပ်စုတွင် စက်တင်ဘာလ ၁၉ ရက်နှင့်၂၀ ရက်တို့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက် ခတ် ခြင်းနှင့် ဒီရေတက်ခြင်း တို့ကြောင့် သဘာဝဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြင်ဘုငယ်ကျေးရွာ၌ ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်ရာတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြင်ဘုငယ်ကျေးရွာအုပ်စု၌ သဘာဝဘေး သင့်သော နေအိမ် (၂၀) တွင် တစ်စိတ်တစ်ဒေသ ပျက်စီး (၁၆) လုံး ကို ငွေကျပ် (၁) သိန်းစီဖြင့် (၁၆)သိန်းနှင့် ပြိုကျပျက်စီးသည့် နေအိမ် (၄)လုံးအတွက် ငွေကျပ်(၂)သိန်းစီဖြင့် (၈)သိန်း ၊စုစုပေါင်း ငွေကျပ် (၂၄)သိန်းနှင့် ပုလော မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ နေအိမ် (၂၀)လုံး အတွက် ဆန်ရိက္ခာနှင့် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၃၈၀၆၀ဝ) ကျပ် နှင့် ကယ်ဆယ် ရေးပစ္စည်း (၁၇)မျိုးပါ (၄) ပုံးကို ကျေးရွာအုပ်ချုပ်ရေးမှူး ဉီးဆွေသက် က သဘာဝဘေးသင့်အိမ်ထောင် စု များထံပြန် လည် ပေးအပ်ခဲ့ကြောင်းသိရသည်။
အလားတူ ပုလောမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ တစ် ကိုယ်ရေသုံးပစ္စည်း( Hygiene Kit )နှင့်( Family Kit ) (၂၆) စုံကို သဘာဝဘေးသင့် အိမ်ထောင်စုများအား လာရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
နှင်းမြူလွင် ( ပလောက်ပြန်/ဆက်)