ပန်ဆိုင်း (ကြူကုတ်) မြို့တွင် မွေးကင်စမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေး

ပန်ဆိုင်း  ၃ ဒီဇင်ဘာ  

မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်) မြို့၌ ကလေးငယ်များ လစဉ်ပုံမှန် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၁၀ နာရီက ပန်ဆိုင်း (ကြူကုတ်) မြို့ ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးသည်။

ပန်ဆိုင်း (ကြူကုတ်) မြို့၊ မြို့ပေါ်ရပ်ကွက်များမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဖြစ်သော မေးခိုင်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ (B) ပိုး၊ ဦးနှောက် အမြှေးရောင်၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ (၁၁) မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေး တိုက်ကျွေးခြင်းတို့ကို မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များမှ အသက်တစ်နှစ်ခွဲအောက် ကလေးငယ် ၅ အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း  ပန်ဆိုင်း (ကြူကုတ်) တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

သန်းမိုးခိုင်(ပြန်/ဆက်)