ပင်လောင်း၊ ဆီဆိုင်နှင့် မိုင်းတုံမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၅၄.၅ ဧက ဖျက်ဆီး

နေပြည်တော်  ၂၁   နိုဝင်ဘာ

                  

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၂၀ ရက်နေ့က နန်းနိမ့်ကျေးရွာ၏ အနောက်မြောက်ဘက် ၁ မိုင်ခွဲခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၃၄ ဒသမ ၅ ဧကခန့် ဖျက်ဆီးသည်။

                  

အလားတူ ဆီဆိုင်မြို့နယ် ဘန်နောင်ကားကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၁၂ ဧကခန့်နှင့် မိုင်းတုံမြို့နယ်၊ နာဖယောင်း ကျေးရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာ၌ အမြင့် ၂ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်း စုစုပေါင်း ၈ ဧကခန့်တို့အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့များက ဖျက်ဆီးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN