ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများကို ကာကွယ်ဆေးဆက်လက်ထိုးနှံပေး

နောင်တရား    ‌အောက်တိုဘာ ၂၄

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ..ကကျောင်းနှင့် တီကျစ်ကျေးရွာအုပ်စု၊ တီကျစ်ကျေးရွာ ..ကကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

 

ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှကာကွယ်ဆေး ထိုးလုပ်ငန်းများကို ဦးစားပေးအလိုက် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၂၃ ရက်တွင် နောင်တရားမြို့ ..ကကျောင်း၌ နောင်ပီအုပ်စု၊ ပေါ့ယားအုပ်စု၊ နန်းပုလင်းအုပ်စု၊ ပေါ့အင်အုပ်စု၊ မြောက်ထီဗွာအုပ်စု၊ နောင်တရားမြို့ အမှတ်()ရပ်ကွက်၊ အမှတ်()ရပ်ကွက်၊ အမှတ်()ရပ်ကွက်အတွင်းမှ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဒေသခံပြည်သူ(၆၃၅)ဦးကိုလည်းကောင်း၊ တီကျစ် ..ကကျောင်း၌ တီကျစ်ကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ ဘုရားဖြူကျေးရွာအုပ်စု၊ မွေးပြင်ကျေးရွာအုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ လွယ်မော ကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာအုပ်စုနှင့် လုံးပိုးကျေးရွာအုပ်စုအတွင်းရှိ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူ (၂၄၅)ဦးကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)