ပြင်းထန်တုပ်ကွေး ကူးစက်ခြင်းမှ ကာကွယ်ရန်

၂၅  ဇန်နဝါရီ

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်တဲ့ ကူးစက်နှုန်းမြန် novel corona virus ပိုးဟာ အခုချိန်မှာတော့ ထိုင်ဝမ်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ထိုင်းနိုင်ငံအပြင် အာရှပြင်ပ အမေရိကား၊ ဥရောပနိုင်ငံအချို့မှာပါ သံသယဖြစ်ဖွယ် လူနာများစတင်တွေ့ရှိနေရပြီဖြစ်ပြီး နောက်ဆုံးသတင်းများအရ ကူးစက်သူပေါင်း ၈၀ဝ ကျော်နဲ့ သေဆုံးသူ ၂၆ ယောက်ထိ ရောက်ရှိလာပြီဖြစ်ပါတယ်။

လေကနေတစ်ဆင့်၊ ထိတွေ့မှုကနေတစ်ဆင့် အလျင်အမြန် ပျံ့နှံ့နိုင်တဲ့ တုပ်ကွေးရောဂါပိုးဖြစ်တာကြောင့် ရောဂါပိုးဒဏ်ကနေ အထိရောက်ဆုံး ကာကွယ်ဖို့ကတော့ လက်ဆေးဖို့ပါပဲ။

လူသူထူထပ်တဲ့နေရာတွေကို ရောက်ပြီးတိုင်း လက်ကို စက္ကန့် ၂၀ ထက်မနည်း ဆေးပါ။

ရောဂါပိုးသေစေနိုင်တဲ့ ဆပ်ပြာကို အသုံးပြုပါ။

Mask တွေကို အသုံးပြုပါ။

မိမိပတ်ဝန်းကျင်မှာ သံသယဖြစ်ဖွယ် လူနာတွေကို တွေ့ရှိရင် ရန်ကုန်ဆေးရုံကြီးသို့လွှဲပြောင်းပေးပါ။


“ယခုပို့စ်ကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”