ပြင်ဦးလွင်မြို့၏ အရှေ့တောင်ဘက် (၃၅)မိုင် ခန့်အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှား

ပြင်ဦးလွင် ၂၅ ဇန်နဝါရီ
ယနေ့ မြန်မာစံတော်ချိန် နံနက် ၁ နာရီ  မိနစ် ၅၀ တွင် မန္တလေးမြေငလျင်စခန်းမှ အရှေ့-အရှေ့တောင်ဘက်(၅၅)မိုင် ခန့်ကွာဝေးသော ပြင်ဦးလွင်မြို့၏ အရှေ့တောင်ဘက် (၃၅)မိုင် ခန့်အကွာတွင် မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း သိရသည်။

အဆိုပါ မြေငလျင်သည် မြောက်လတ္တီတွဒ် (၂၁.၇၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၉၁)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး(၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

MDN