ပြည်မြို့နယ်တွင် နဝင်းချောင်းရေတိုက်စားမှုကြောင့် မြေပြိုကျခဲ့သောနေရာသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း လာရောက်ကြည့်ရှု

ပြည် ၂၅ ဇန်နဝါရီ 

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည်  ပြည်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၄ ရက် ညနေ ၅ နာရီခွဲက ပြည်မြို့နယ် သစ်ချီတင်အုပ်စု သစ်ချီတင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အရှေ့ဘက်၌ နဝင်းချောင်းရေတိုက်စားမှုကြောင့် မြေပြိုကျခဲ့သည့်နေရာကို လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

‌ေ

 

အဆိုပါနေရာတွင် လွန်ခဲ့သော ရက်၂၀ခန့်က နဝင်းချောင်းရေလှိုက်စားမှုကြောင့် ပေ ၃၀ဝ ခန့် မြေပြိုကျမှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပါမြေပြိုကျမှုနှင့် ပတ်သက်၍ ကျေးရွာပြည်သူများနှင့် တွေ့ဆုံအားပေး စကားပြောကြားကာ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

မျိုးကျော်ကြီး(ပြန်/ဆက်)