ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး သင်ယူမှုအခွင့်အလမ်းမြင့်မားရေး ညှိနှိုင်းဆွေးနွေးပွဲ တက်ရောက်

နေပြည်တော်  ၁၃   ဇန်နဝါရီ 

သင်ယူမှုအခွင့်အလမ်းမြင့်မားရေး၊ အရည်အသွေးရှိသော သင်ယူမှုပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာဗျူဟာခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးမျိုးအောင်က နိုင်ငံတော်၏ မူဝါဒအရ နေပြည်တော်အား ပညာရေးကို အခြေပြုသည့် နယ်မြေတစ်ခု ဖြစ်လာရန် ရည် မှန်းချက်ထား ဆောင်ရွက်နေပါကြောင်း၊ နေပြည်တော်၏ တည်ဆောက်ပုံအရ ပညာရေးဖွံ့ဖြိုးရန် သင့်လျော်သည့် နယ်မြေဖြစ်သည့်အတွက် အနာဂါတ်မြို့ပြစီမံကိန်းကို ချမှတ် ဆောင်ရွက်နေပါကြောင်း၊ နေပြည်တော်ရှိ နိုင်ငံတကာအသိအမှတ်ပြု အဆင့်မြင့်တက္က သိုလ်များဖြစ်သော သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးတက္ကသိုလ် တို့အပြင် နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ကြီးများ ဖွင့်လှစ်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ညှိနှိုင်းဆွေးနွေး ပွဲမှ အနာဂါတ်တွင် အားကိုးရမည့် နိုင်ငံသားကောင်းမျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည့် အကျိုးရလဒ်ကောင်းများရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက  ကျောင်းနေ အရွယ်ကလေးများ မူကြိုမှစ၍ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ပညာရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး၊ တက္ကသိုလ်ပညာရေး၊ ဘဝတစ်သက်တာ အတွက် အလုပ်လုပ်ရင်း သင်ယူသော ပညာရေးအထိ သင်ယူနိုင်ရန် အခွင့်အလမ်းသည် အရေးကြီးပါကြောင်း၊ သင်ယူမှုအခွင့်အလမ်းမြင့်မားရေးနှင့် အရည်အသွေးရှိသော သင်ယူ မှုပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှု နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အထက(၂)ပျဉ်းမနားတွင် ကျင်းပသည့် ဆဋ္ဌမတန်း ဆွေးနွေးပွဲသင်တန်းတွင် အကျယ် တဝင့် လမ်းညွှန်မှာကြားခဲ့ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် ၂၁ ရာစု ပညာရေးစနစ် နှင့်အညီ ကျောင်းသုံးဖတ်စာအုပ်များ အသစ်ပြုစုခြင်း၊ သင်ကြားသင်ယူမှု နည်းလမ်းများကောင်းမွန်စေရေး ဆရာဆရာမများကို သင်တန်းပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ဖြန့်ဝေပေးခြင်း၊ ဆရာဗဟိုပြုသင်ကြားမှုမှ သင်ယူသူဗဟိုပြု သင်ကြားသင်ယူလေ့ကျင့်ပေးသည့် ပရိုဂျက်အခြေပြုသင်ယူရေး မွမ်းမံ သင်တန်းပေးခြင်း တို့ကို ခွင့်ပြုဘဏ္ဍာငွေအရ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  စာမေးပွဲဖြေရန် သင်ယူခြင်းထက် တစ်သက်တာသင်ယူနိုင်ရန်၊ အလွတ်ကျက်မှတ်သည့် ပညာရေးစနစ်မှ နက်နက်နဲနဲသင်ယူကာ စဉ်းစားတွေးခေါ်နိုင်စွမ်းရှိရန် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံတော်အနေဖြင့် နိုင်ငံသူနိုင်ငံသားများ၏ အနာဂတ်သာယာလှပရေးအတွက် ပညာရေးတွင် ရင်းနှီးမြှုပ်နှံဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ဝန်ကြီးဌာနနှင့် ပညာရေး မိသားစုများအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရာတွင် အတွေ့အကြုံများကို အခြေခံ၍ အားသာချက်များကို ပိုမိုအားကောင်းမွန်အောင် အားနည်းချက်များကို ပြန်လည် ဆွေးနွေးညှိနှိုင်းပြီး အားကောင်းအောင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။ 

 

‌ေ

 

ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပညာရေး သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဏ္ဍ၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍစသည့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာ ကြသူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။ 

(သတင်းစဉ်)